
ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသား ဖြစ်တဲ့ Tom and Jerry ကာတွန်းကားလေး Tom and Jerry:shivers me whiskers ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ် ၂၀၀၆ ခုနှစ်က ထွက်ရှိထားတာပါ ဇာတ်လမ်းလေးကတော့ ရတနာသိုက်ကို ရှာဖွေနေတဲ့ ဓားပြ ညီအစ်ကိုသုံးဦးအကြောင်းရိုက်ပြထားတာပါ သူတို့ရတနာတွေရှာဖွေတဲ့နေရာမှာ ထုံးစံအတိုင်း မတည့်အတူနေကြောင်နဲ့ ကြွက်နှစ်ကောင်က ဘယ်လိုနှောင့်ယှက်ကြမလဲ သူတို့နှစ်ကောင်ကရော ရတနာတွေကိုရှာနိုင်မလား? ကြောင်နဲ့ကြွက်ဆိုတဲ့အတိုင်း ရီစရာဟာသလေးတွေနဲ့ ရိုက်ပြ ထားလို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလိုကောင်းတဲ့ ကားလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်