
လန်ဒန်မြိုမှာ စိန်လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ ရှားလော့ဟုမ်းစ်က ဒီလိုအမှုတွေကို ကိုင်တွယ်တဲ့နေရာမှာ တော်ပါတယ်။ ပရော်ဖက်ဆာတစ်ယောက်က နေကြတ်တဲ့အချိန်မှာ သူဖန်တီးထားတဲ့စက်ကိုစိန်စွမ်းအင်နဲ့လည်ပတ်စေပြီး လန်ဒန်မျှော်စင်ကြီးကို ခွဲဖြတ်ကာ သရဖူကျောက်မြတ်ကို ခိုးဖိုကြံနေပါတယ်။ ဒီကိစ္စကို ရှားလော့ဟုမ်းစ်မရိပ်မိအောင် မိန်းကလေးတစ်ယောက်ကိုလွှတ်လိုက်ပြီး သဲလွန်စ အမှားကြီးချန်ခဲ့ပါတယ်။ ဒီတစ်ခါအမှုမှာတော့ တွန်နဲ့ဂျယ်ရီကို ရှားလော့ဟုမ်းစ်က တာဝန်ခွဲပေးထားပါတယ်။ တွန်နဲ့ဂျယ်ရီတိုရဲ့အလွဲတွေ၊ အစသန်တဲ့ဂျယ်ရီနဲ့အမြဲပေါ့ဆတတ်တဲ့တွန်တို သရဖူခိုးယူတဲ့ အမှုအထိပါဝင်ဖြေရှင်းနိုင်ကြမလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါ တယ်။ Rating 6.5 ရရှိထားပြီး ဘယ်တော့မှရိုးမသွားရတဲ့ ကြောင်နဲ့ကြွက်ကားလေးပါ