
Anime ထွက်တုန်းက လူကြိုက်များပြီး တအားအောင်မြင်ခဲ့တဲ့ Tokyo Ghoul ကိုတော့ anime fan တိုင်း ကြားဖူးကြမှာပါ။ ဒီကားဟာဆိုရင် အဲ့ဒီ Tokyo Ghoul ရဲ့ Live Action ဖြစ်ပြီး VFX တွေလည်း အတော်လေးကြည့်လို့ကောင်းတဲ့အပြင် cast တွေလည်း သူ့ဟာနဲ့သူအဆင်ပြေကြတဲ့အတွက် မဆိုးလှတဲ့အတွက် adaptation ပဲဖြစ်ပါတယ်။ အတိုညွှန်းရရင် တိုကျိုမြို့ကြီးထဲမှာ ဂူးလ်ဆိုတဲ့ လူအသွင်ရှိပြီး လူသားပဲစားကြတဲ့ သားရဲမိစ္ဆာတွေဟာ သောင်းကျန်းနေပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ ကနဲကီဆိုတဲ့ စာအုပ်ဂျိုး တက္ကသိုလ်ကျောင်းသားလေးဟာ မာယာများတဲ့ ဂူးလ်မတစ်ကောင်ကိုမှကြိုက်မိသွားပြီး အဲ့ဂူးလ်မနဲ့ ကနဲကီနဲ့တို့ အပြင်မှာချိန်းတွေ့ကြတဲ့အခါ သူက ကနဲကီကိုသတ်ပြီးစားဖို့လုပ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အပေါ်ကနေ ဆောက်လုပ်ရေးသံတိုင်ကြီးတွေပြုတ်ကျလာတဲ့အတွက် သူသေသွားခဲ့ပြီး ကနဲကီကတော့ သူ့ရဲ့အတွင်းအင်္ဂါတွေနဲ့ အစားထိုးကုသမှုခံယူလိုက်ရပါတယ်။ ဂူးလ်တစ်ကောင်ရဲ့အတွင်းအင်္ဂါတွေရသွားတဲ့ ကနဲကီဟာ သူအင်မတန်ရွံမုန်းတဲ့ ဂူးလ်တစ်ကောင်ဖြစ်လာပြီးနောက်မှာ ဂူးလ်လောကကြီးထဲဝင်ဖို့ကြိုးစားကြည့်သော်လည်း လူစိတ်ကျန်ရှိနေသေးတဲ့အတွက် ဝင်မဆံ့ဖြစ်နေတဲ့အခါမှာတော့… လူလည်းမဟုတ်တော့ ဂူးလ်လည်းမဟုတ်ပြန်တဲ့ ကနဲကီတစ်ယောက် ဂူးလ်တစ်ကောင်ရဲ့ခန္ဓာ လူစိတ်နဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့လောကကြီးထဲ ဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာကို ရှုစားရမှာပါ။
Movies Name | Webpage | Telegram Link |
---|---|---|
Tokyo Ghoul (2017) | Click Here | Click Here |
Tokyo Ghoul S (2019) | Click Here | Click Here |