
အလက်စကာခွေးချစ်တတ်သူများအတွက် Togo (2019) ဇာတ်ကားလေးလာပါပြီ။ ဒီကားလေးဟာဆိုရင်တော့ ၁၉၂၅ ခုနှစ်ကအဖြစ်အပျက်ကို ဖြစ်ရပ်မှန်ဇာတ်လမ်းအဖြစ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ သင်ဟာ ခွေးလေးတွေကိုချစ်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီဇာတ်ကားဟာ လက်လွတ်မခံဘဲကြည့်သင့်တဲ့အထဲ ပါပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ အလက်စကာပြည်နယ်မှာရှိတဲ့ နှုံးမြို့လေးမှာ ဆုံဆို့နာရောဂါဖြစ်နေတော့ ကလေးတွေအများဆုံး ကူးစက်ခံနေရပါတယ်။ ဆုံဆို့နာရောဂါအတွက် ဆေးကိုတော့ နှုံးမြို့ကနေ မိုင် ၆၀၀ ကျော်ဝေးတဲ့ နီနာနာဆိုတဲ့မြို့မှာ ဖော်ပြီးသွားပြီဖြစ်ပါတယ်။ ပြဿနာကတော့ မုန်တိုင်းကြီးကြီးမားမားတစ်ခုဖြစ်လာတာပါပဲ။ ၁၉၂၅ ဝန်းကျင်ဆိုတော့ အမိုးပွင့်လေယာဉ်တွေပဲရှိနေသေးတော့ လေကြောင်းကပို့ဖို့အတွက်က ရွေးချယ်မှုတစ်ခုမဟုတ်နိုင်ခဲ့ပါဘူး။ အဲ့အတွက် တစ်ခုတည်းသောရွေးချယ်စရာကတော့ စွတ်ဖားမောင်းတဲ့ခွေးတွေနဲ့ အချိန်မီသွားဖို့ပါပဲ။ ခွေးစွတ်ဖားမောင်းတဲ့အတော်ဆုံးသူဖြစ်တဲ့ လီယိုနာ့နဲ့ သူ့ခေါင်းဆောင်ခွေး ထိုဂိုဟာ ဒီရဲ့ခရီးကြမ်းကိုနှင်ရင်း သမိုင်းမှာနာမည်တွင်သွားဖို့အတွက် ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းမှာ သူတို့တွေ ခရီးကြမ်းကိုအံတုပြီး အသက်ရှင်ရက်ပြန်လာနိုင်ကြမလား၊ ထိုဂိုဟာ မှတ်တမ်းရုပ်ရှင်ရိုက်ရလောက်တဲ့ခွေးမျိုး ဘာကြောင့်ဖြစ်ရတာလဲနဲ့ လီယိုနာ့နဲ့ ထိုဂိုကြားကသံယောဇဉ်တွေ ခွေးစွတ်ဖားမောင်းသူတွေရဲ့ အမိန့်ပေးအခေါ်အဝေါ်တွေကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။