
ရို့စ် လို့ခေါ်တဲ့ အထက်တန်းမိသားစုက ပေါက်ဖွားလာတဲ့ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်။ မိသားစုအခြေအနေအရ ကမ်းလှမ်းထားတဲ့ မင်္ဂလာပွဲလည်း ရှိပြီးသား။ ၁၉၁၂ မှာ အင်္ဂလန် ဆောက်သန်တန်မြို့ ကနေ အမေရိကန် နယူးယောက်မြို့ ကိုသွားမယ့် တိုက်တန်းနစ်သင်္ဘောကြီးရဲ့ မှာလိုက်ပါစီးနင်းကြတဲ့ အထက်တန်းလွှာမိသားစုက ရို့စ် နဲ့ ကလေကချေကောင်လေး ဂျက်တို့ တွေ့ကြတဲ့အခါ၊ သာမန်လူတန်းစား ဘဝတွေရဲ့ လွတ်လပ်ပျော်ရွှင်မှုကို ရို့စ်ရှာ တွေ့သွားပါတယ်။ တိုက်တန်းနစ်ဟာ ၁၉၁၂ ဧပြီလ ၁၅ ရက်မနက် အတ္တလန်တိတ်သမုဒ္ဓရာမှာ နစ်မြုပ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်သင်္ဘောကြီးအကြောင်းကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ James Cameron ကနေ ၁၉၉၆ မှာ ပုံဖော်ရိုက်ကူးခဲ့ပြီး ၁၉၉၇ မှာ ရုံတင်ပြသခဲ့ပါတယ်။ ဇာတ်လိုက်များဖြစ်ကြတဲ့ ရို့စ်နဲ့ ဂျက်တို့ကတော့ ဒါရိုက်တာရဲ့ စိတ်ကူးယဥ်ဇာတ်ကောင်များ သက်သက်သာ ဖြစ်ကြပါတယ်။ သို့သော်လည်း Leonardo DiCaprio နဲ့ Kate Winslet တို့ရဲ့ သရုပ်ဆောင်ပီပြင်မှု၊ ဇာတ်အိမ်ခိုင်မာမှုတို့ကြောင့် ပရိတ်သတ် တွေကို အကြီးအကျယ် မျက်ရည်ချူခဲ့တဲ့ကားလေးလို့ ပြောရင်တောင် လွန်မယ်မထင်ပါဘူး။ တိုက်တန်းနစ်ဇာတ်ကားဟာ ရုံတင် ပြသတဲ့ ၁၉၉၈ မှာပဲ Best Picture, Best Director ဆုအပါအဝင် အော်စကာဆု ၁၁ ခုရရှိခဲ့ပြီး Record of the Year, Song of the Year စသည်ဖြင့် ဂရမ်မီ ဆုများအပြင် အခြားဆုပေါင်းများစွာ ရရှိခဲ့ပါသေးတယ်။ ဒေါ်လာသန်း ၂၀၀ ကုန်ကျခဲ့တဲ့ တိုက်တန်းနစ်ဇာတ်ကားဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ယခုချိန်ထိ ရင်ထဲစွဲကျန်စေတဲ့ ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ပဲဆိုတာ Celine Dion ရဲ့ My heart will go on သီချင်းနားထောင်မိတိုင်း ဖြစ်လာတဲ့ခံစားချက်က သက်သေထူပါလိမ့်မယ်။
very good