
Thor 2011 MCU ရဲ့ အအောင်မြင်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီး အက်ရှင်ဇာတ်ကားဖြစ်ပေမယ့် ရီစရာဇာတ်ကွက်လေးတွေကြောင့် ကြည့်နေရင်းပျင်းမသွားဘဲ အရသာမျိုးစုံပေးစွမ်းနိုင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ သော် ဇာတ်ကားလို့ပြောလိုက်တာနဲ့ လှည့်ဖျားမှုနတ်ဘုရား လိုကီကိုပါတွဲမြင်ကြမယ်ထင်ပါတယ်။ ဒီကားလေးကတော့ MCU Timeline မှာ သော် မိုးကြိုးနတ်ဘုရားအကြောင်းစတင်မိတ်ဆက်တာမို့ သော်နဲ့ အက်စ်ဂတ်အကြောင်းအပြင် လိုကီရဲ့ ဘဝတစ်စိတ် တစ်ဒေသကိုပါမိတ်ဆက်ပေးသွားတာကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Marvel Universe ထဲက စကြာဝဠာကိုးခုကိုစောင့်ရှောက်သူ အိုဒင်နတ်ဘုရားရဲ့ သားတော် မိုးကြိုးနတ်ဘုရား သော်ဟာ ငယ်လည်းငယ် စွမ်းအားကြီးလည်းပိုင်ဆိုင်တဲ့အပြင် အတိုင်းအဆမဲ့အစွမ်းရှိတဲ့ မျိုနယ်တူ ကိုပါ ပိုင်ဆိုင်တာမို့ အလိုမတူ ရန်သူတွေကို ဖျက်ဆီးတိုက်ခိုက်ချင်စိတ်ပြင်းထန်နေခဲ့ပါတယ်။ ဒါကြောင့် သော် ကို အပြစ်မဲ့အသက်တွေကိုတန်ဖိုးထားတတ်ပြီး အမြင်မှန်ရစေဖို့ သော်ရဲ့ဖခင် အိုဒင်ဟာ သော်ရဲ့စွမ်းအားတွေကို နှုတ်ယူထားလိုက်ပြီး မျိုနယ်တူနဲ့အတူ ကမ္ဘာမြေပေါ်သို့နယ်နင်ဒဏ်ပေးလိုက်ပါတော့ တယ်။ လိုကီဟာ ငယ်စဥ်ထဲက ဖခင်ဖြစ်သူအိုဒင်က သော်ကိုပဲ မျက်နှာသာပေးခဲ့တာကြောင့် သော်ကို လည်း မနာလို၊ သူက သော် ထက်သာတာကိုလည်း သက်သေပြချင်နေခဲ့တာကြောင့် သော်ကိုလိုက်လံ နှောက်ယှက်ရင်း သော်နဲ့ လိုကီတို့ရဲ့ ညီအစ်ကိုချင်းအားပြိုင်မှုနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။ MCU ရဲ့ နောက်ဆုံးထွက် ဇာတ်ကားအထိ ကြည့်ပြီးသွားကြတဲ့သူတွေကလည်း ဒီကားလေးပြန်ကြည့်လိုက်မယ်ဆို Avenger: End Game ထဲက မေးခွန်းထုတ်နေကြတဲ့ ဇာတ်ကွက်တစ်ချို့ကို အဖြေရသွားကြမှာဖြစ်တာကြောင့် အခုပဲ ဒေါင်းပြီးကြည့်လိုက်တော့နော်။ Thor 2011 ဇာတ်ကားကို နာမည်ကျော်မင်းသားကြီး Chris Hemworth က သော်အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပြီး နူတ်ခမ်းနီမလေးများရဲ့အသည်းကျော် မင်းသားကြီး Tom Hiddleston မှ လိုကီအဖြစ် ပီပြင်စွာသရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ မင်းသမီးချော Natallie Portman မှနေလည်း သော်ရဲ့ချစ်သူ ဂျိန်းအဖြစ် သရုပ်ထားတာကြောင့် တကယ့်ကို ဇာတ်ရှိန်မပျက်ဘဲ ကြည့်လို့ ကောင်းနေတာတော့ အမှန်ပါပဲ။ Fx effect နဲ့ CGI တွေ Costume ဝတ်စုံတွေကလည်း ပီပြင်လွန်းတာကြောင့် ဆုတွေတစ်သီကြီးဆွတ်ခူးထားတဲ့ Thor 2011 ဇာတ်ကားကို အခုပဲ ဒေါင်းကြည့်လိုက်တော့နော်။