
ဒီတရုတ်ကားလေးကတော့ အခု ၂၀၂၂ ကမှ ထွက်ထားတဲ့ တရုတ် Horror ဇာတ်ကားလေး ဖြစ်ပြီးတော့ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်ခံ့ခံ့နဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ ပြောရရင် ကြည့်ရှူသူ ပရိသတ်ကို ဇာတ်ကား အစကနေ အဆုံးထိ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားမဲ့ ဇာတ်ကားတစ်ကားပါ။ ပရိသတ်ကြီးတို့အတွက် အချိန်ပေးပြီး ကြည့်ရတာ တန်စေမဲ့ ဇာတ်ကားလို့ သတင်းကောင်းပါးလိုက်ပါရစေ။ ဇာတ်လမ်း အကျဉ်း ပြောရရင်ဖြင့် လဘခေါ်၊ ချာပေရွာမှာ မြေခွေးမိစ္ဆာမက လူတွေကို ဖမ်းစားတယ် ဆိုပြီး ဇာတ်လမ်းတွေ အမျိုးမျိုး ထွက်နေပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီဇာတ်လမ်းတွေအမျိုးမျိုးထဲကမှ ဘယ်ဇာတ်လမ်းက အမှန်ဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ တစ်ခုရှိတာက အဲ့ဒီဇာတ်လမ်းတွေထဲမှာ အဓိကပါနေတာတော့ ရှဲ့ကျင်ဆိုတဲ့ တစ်ယောက်ဖြစ်ပြီး သူ ပါဝင်ပတ်သက်နေတယ်ဆိုတာကတော့ အမှန်ပါပဲ။ တကယ်ပဲ သူက ချာပေရွာကို ကံဆိုးမိုးမှောင် ကျစေတာလား၊ သူကပဲ ခံရသူ သားကောင်ဖြစ်နေမလား ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ကိုယ်တိုင် ကြည့်ရှုလိုက်ဖို့ ပြောလိုက်ပါရစေ။