
ဒီတစ်ခေါက် ဇာတ်ကားလေးကလည်း ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ အရမ်း နာမည်ကြီးခဲ့တဲ့ ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အမေရိကန် ဒေါ်လာ ၂၆ မီလီယမ်သုံးပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားထဲမှာ နာမည်ကြီး မင်းသမီး ဖြစ်တဲ့ Fan Bing Bing နဲ့ ၂၀၀၆ Version သိမ်းငှက်သူရဲကောင်း ဇာတ်ကားထဲက မင်းသား Huang Xiao Ming တို့က ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တရုတ်ပြည်ရဲ့ မင်ခေတ်မှာ နန်းတွင်း အပျိုတော်ထိန်းတွေ ကြီးစိုးနေတဲ့ အချိန် ကာလကို အခြေခံထားတာပါ။ Fan Bing Bing သရုပ်ဆောင်ထားတဲ့ လရောင် ခံတပ်ရဲ့ ခေါင်းဆောင် ကျောက်စိမ်း မိစ္ဆာမက ပြည်သူတွေ အတွက် တရားမျှတမှုကို ရယူပေးဖို့ ကြိုးစားနေတဲ့ သူရဲကောင်းမလေး တစ်ယောက်ပါ။ မင်းသားကတော့ ဝူတန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် အသစ် တစ်ယောက် ဖြစ်ပါတယ်။ နာမည်ကတော့ ကျော်ရီဟန်ပါ။ ကျော်ရီဟန်က ဆရာ့ အမိန့်နဲ့ အနီရောင် ဆေးလုံးကို ချွမ်းမြို့ရဲ့ ဘုရင်ကြီးဆီ သွားဆက်သတဲ့ အချိန်မှာ မင်းသမီးနဲ့ တွေ့ဆုံခဲ့တာပါ။ နောက်တော့ ကျော်ရီဟန် ဆက်သလိုက်တဲ့ အနီရောင် ဆေးလုံးကြောင့် ဘုရင်ကြီးက နတ်ရွာစံ သွားတယ် ဆိုပြီး သတင်း ထွက်လာပါတော့တယ်။ ဒီလို တိုင်းပြည်ရေးရာ ပြဿနာ အရှုပ်အထွေးတွေ ကြားထဲက ကျော်ရီဟန်နဲ့ ကျောက်စိမ်း မိစ္ဆာမရဲ့ အချစ် ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။