What's happening?

The Water Monster

The Water Monster

Jul. 12, 201985 Min.
Your rating: 0
7 1 vote

Synopsis

The Water Monster (မြန်မာစာတန်းထိုး)
 

2019 Fantasy ‧ 1h 25m
 

Translate & Script = Win Htet
 

Translator Incharge & Encoded by Thi Ha Thu
 

xxxxxxxxxxxxxxxxxxxx
 

ကျွန်တော် ဒီဇာတ်ကားလေးကို စကြည့်လိုက်တော့ နာမည်က Water Monster ဆိုတော့ တခြား တရုတ် သရဲကားတွေလိုပဲ နေမှာပါလို့ တွေး လိုက်တာ။ ဒါပေမဲ့ တကယ်လည်း ကြည့်လိုက်ရော အစပိုင်းထဲက လူကိုဇာတ်လမ်းထဲဆွဲခေါ်သွားတာ အဆုံးထိပဲ။ ပြောရရင် ဇာတ်အိမ်ကလည်း အတော်ကောင်းပြီး ရိုက်ချက်တွေကလည်း မဆိုးဘူးဗျာ့။ အထူးသဖြင့် Fighting Scene တွေဆိုရင် effect တွေ သုံးရိုက်တဲ့ တရုတ်သိုင်းကား တွေထက်စာရင် တကယ်မဆိုးဘူး ပြောရမယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရွှေရှမ်းဆိုတဲ့ ကောင်လေးတစ်ယောက်က ရေကန်ထဲက သတ္တဝါကြီးတစ်ကောင်ကြောင့် သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရတာကနေ စတာပဲ။ အဲ့နေ့ကနေစပြီး သူသတ္တဝါကြီးကို အမြဲကြောက်နေခဲ့တာ။ နောက်ပိုင်း သူလည်း ကြီးလာရော ရွာမှာ သေတဲ့လူတွေက ပိုပိုများလာတယ်။ သူ တိတ်တခိုးကြိုက်နေတဲ့ ကောင်မလေးရဲ့ အဖေနဲ့ မောင်လေး အသတ်ခံရပြီးတဲ့နောက်မှာတော့ သူ့ကောင်မလေးကလည်း အသတ်ခံရတော့မလို ဖြစ်လာတဲ့အခါ……။ ဇာတ်လမ်းကို Spoil သလို ဖြစ်သွားမှာ စိုးလို့ ကျွန်တော် ဆက်မပြောတော့ပါဘူး။ ဇာတ်လမ်းက ကြည့်ရတာ တအားကြီးလည်း မရှည်သလို တအားကြီးလည်း မတိုပါဘူး။ ဒီကား လေးကို ကြည့်ပြီးလို့ ဘာကားကြီးလဲကွာ မကောင်းဘူးလို့ နောင်တမရစေရပါဘူး။ နောက်ဆုံးအရေးကြီးတဲ့ တစ်ချက်ကတော့ မင်းသမီးလေးက အရမ်းချောပြီးတော့ အရမ်းလည်း ချစ်စရာကောင်းပါတယ်။ အဲ့တစ်ချက်နဲ့တင် ကြည့်ရတာ တန်နေပါပြီလို့။ အဲ့ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားကြည့်ပါအုံးလို့ ညွှန်းဆိုပေးလိုက်ပါရစေ။

Original title 水怪
TMDb Rating 6 2 votes

Similar titles

Babe
Corpse Bride
Troll
True Legend
Luca
Fantastic Beasts and Where to Find Them
Coraline
Fantastic Beasts: The Secrets of Dumbledore
Dragon Wars
Ghostbusters: Afterlife
Happy Ghost IV
Three Thousand Years of Longing

Leave a comment

Name *
Add a display name
Email *
Your email address will not be published