
ကိုရီးယားနိုင်ငံရဲ့ တောင်းတန်းတွေကြားထဲကနယ်မြို့လေးတစ်မြို့ကို ဂျပန်အမျိုးသားတစ်ယောက်ရောက်လာချိန်ကနေစပြီး ရပ်ကွက်ထဲမှာ ထူးဆန်းတဲ့ လူသတ်မှုတွေဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ် ရဲတပ်ဖွဲ့ကစမ်းတဲ့အခါမှာတော့ ဒီအမှုတွေဟာ ဂျပန်အမျိုးသားနဲ့ပတ်သက်မှုရှိနေပြီး သာမန်မဟုတ်တဲ့သာဘာဝလွန်ဖြစ်စဉ်တွေနဲ့လည်းပတ်သက်နေတယ်ဆိုတာကို သတိထားမိလာကြပါတော့တယ် အမှုစုံစမ်တဲ့ ရဲတပ်ကြပ် ကလည်း သူ့ရဲ့သမီးဖြစ်သူနေမကောင်းဖြစ်လာတဲ့အချိန် ဂျပန်အမျိုးသားရဲ့လက်ချက်လို့ပဲသတ်မှတ်ပြီး သွားသောင်းကျန်းခဲ့ပါတယ် အဲ့ဒီနောက် သမီးဖြစ်သူရဲ့အခြေအနေကလည်းပိုဆိုးဝါးလာခဲ့ပြီး နတ်ဆရာပါကုသလို့မရနိုင်တော့တဲ့အခြေအနေထိရောက်ရှိလာခဲ့ပါတယ် ဒီလို အခြေအနေ တွေကြားမှာသမီးဖြစ်သူရဲ့အသက်ကိုကယ်ဖို့အတွက် ဖခင်ဖြစ်သူက မမြင်ရတဲ့အန္တရာယ်တွေနဲ့ဘယ်လိုရင်ဆိုင်သွားမှာလည်း နောက်ဆုံးမှာရော သမီးဖြစ်သူကိုကယ်နိုင်ခဲ့လားဆိုတာကို သည်းထိတ်ရင်ဖို စိတ်ဝင်စားဖို့ကောင်းအောင်ကြည့်ရှုရမှာဖြစ်ပါတယ် သာမန်သရဲကားတွေနဲ့မတူညီပဲ ဇာတ်လမ်း အလှည့်အပြောင်းလေးတွေလည်းပါဝင်တာကြောင့် ကြိုတင်ခန့်မှန်းလို့မရနိုင်တာကလည်းဇာတ်ကားရဲ့ဆွဲဆောင်မှုတစ်ခုပဲ ဖြစ်ပါ တယ် ဒီဇာတ်ကားကိုတော့ ၂၀၁၆ ခုနှစ်မှာပြသခဲ့တာဖြစ်ပြီး ဆုပေါင်း ၁၁ ဆုရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်