
The Twilight Saga: New Moon ကတော့ Twilight Franchise ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဒီကားမှာဆိုရင်တော့ အက်ဒ်ဝက်ထားသွားတာကြောင့် အသဲကွဲနေတဲ့ဘယ်လာနဲ့ ဘယ်လာ့ကိုတစ်ဖက်သတ်ကြိတ်ချစ်နေတဲ့ သမန်းဝံပုလွေလေး ဂျေကော့ဗ်တို့ကြားက ပတ်သက်ဆက်နွယ်မှုတချို့နဲ့ ဂျေကော့ဗ်တို့မျိုးနွယ်အကြောင်း အဓိကအားဖြင့် ဒုတိယဇာတ်ဆောင်ဂျေကော့ဗ်အကြောင်း ရိုက်ပြထားတာဖြစ်ပြီး အက်ဒ်ဝက်ရဲ့အခန်းကတော့ အများကြီးပါဝင်လာမှာမဟုတ်ပါဘူး။ ဂျေကော့ဗ်အဖြစ်သရုပ်ဆောင်သူ တေလာဆွစ်ဖ်ရဲ့ရည်းစားဟောင်း တေလာလော့တနာက Twilight ထွက်ထွက်ချင်းမှာလည်း မိန်းကလေးတွေအများကြီးရဲ့အသည်းကို ဖမ်းစားနိုင်ခဲ့သူဖြစ်ပြီး Second Lead Syndrome တောင် ရစေခဲ့တဲ့သူမို့ ဂျေကော့ဗ်အခန်းတွေအများကြီးပါတဲ့ ဒီဇာတ်ကားက ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါပဲ။ Franchise တစ်ခုရဲ့ ဒုတိယမြောက်ကားဖြစ်တာမို့ ဇာတ်ကားအကျဉ်းကို အများကြီးပြောပြလို့မရတာတော့ ခွင့်လွတ်ပါခင်ဗျာ။
Movies Name | Webpage | Telegram Link |
---|---|---|
Twilight (2008) | Click Here | Click Here |
The Twilight Saga: New Moon (2009) | Click Here | Click Here |
The Twilight Saga: Eclipse (2010) | Click Here | Click Here |
The Twilight Saga: Breaking Dawn – Part 1 (2011) | Click Here | Click Here |
The Twilight Saga: Breaking Dawn: Part 2 (2012) | Click Here | Click Here |