
The Twilight Saga: Eclipse ကိုတော့ မြန်မာလို မပြီးဆုံးသေးတဲ့ရန်ကြွေးလို့ပဲ နာမည်တပ်ရမယ်ထင်ပါတယ်။ Twilight Franchise မှာ တတိယမြောက်ထွက်ရှိလာတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်ဆောင်တွေလည်း မပြောင်းမလဲပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိကကျောရိုးအနေနဲ့ ဆီရာတယ်က မြင့်တက်လာတဲ့ လူသေမှု၊ လူပျောက်မှုတွေနဲ့အတူ သွေးစုပ်ဖုတ်ကောင်လက်သစ်တပ်တစ်တပ် ပေါ်ထွန်းလာတာကိုမြင်ရမှာဖြစ်ပြီး သူတို့ရဲ့အဓိကပစ်မှတ်ကတော့ ကာလန်မိသားစုပဲဖြစ်ပါတယ်။ ဘာကြောင့် သူတို့က ကာလန်မိသားစုကို တိုက်ခိုက်ချင်ရတာလဲ ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲရဲ့အဆုံးသတ်က ဘာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Loveline အနေနဲ့ကတော့ အက်ဒ်ဝက်နဲ့ ဂျေကော့ဗ်ကြားမှာ ဗျာများပြီးစိတ်နှစ်ခွဖြစ်နေတဲ့ ဘယ်လာကိုမြင်ရမှာဖြစ်ပြီး symbolism အနေနဲ့ FIRE AND ICE ဆိုတဲ့ အင်္ဂလိပ်ကဗျာလေးကို ဇာတ်လမ်းအစမှာ ဘယ်လာကရွတ်နေတာကို တွေ့ရမှာပါ။ (ဘာသာပြန်သူက ကဗျာရဲ့သဘောတရားကို အရမ်းနားလည်တဲ့သူမဟုတ်တာမို့ ကဗျာကိုဘာသာပြန်တဲ့အချိန် မဆီလျော်တာတွေပါသွားခဲ့ရင် ကြိုတောင်းပန်ချင်ပါတယ်။) ဒီကားကိုကြည့်မဲ့သူတွေအနေနဲ့ အရှေ့ကားတွေလည်း ကြည့်ပြီးကြလောက်ပြီမို့ ထွေထွေထူးထူးမပြောတော့ပါဘူး။ ပြောစရာမလိုလောက်အောင်လည်း ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားမို့ ဇာတ်ကားလေးကြည့်ပြီး အပန်းဖြေအနားယူလိုက်ကြပါဦးခင်ဗျာ။
Movies Name | Webpage | Telegram Link |
---|---|---|
Twilight (2008) | Click Here | Click Here |
The Twilight Saga: New Moon (2009) | Click Here | Click Here |
The Twilight Saga: Eclipse (2010) | Click Here | Click Here |
The Twilight Saga: Breaking Dawn – Part 1 (2011) | Click Here | Click Here |
The Twilight Saga: Breaking Dawn: Part 2 (2012) | Click Here | Click Here |