
Twilight : Breaking Down Part 1 ကတော့ ဇာတ်ကားအားလုံးထဲမှာ action ခန်းအနည်းဆုံးဆိုပေမဲ့ drama အများဆုံးလို့ ပြောရပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အက်ဒ်ဝက်နဲ့ ဘယ်လာရဲ့ မင်္ဂလာပွဲနဲ့ ဇာတ်လမ်းကိုအစချီထားပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို အများကြီးတွေ့ရမှာပါ။ မင်္ဂလာပွဲအပြီး ဟန်းနီးမွန်းမှာပဲ ဘယ်လာ့မှာကိုယ်ဝန်လွယ်ထားရတာကို သိလိုက်ရပြီး ဒါဟာ လုံးဝမဖြစ်နိုင်တဲ့အတွက် အားလုံးခေါင်းခြောက်ရပါတော့တယ်။ တစ်ဖက်မှာလည်း ဘယ်လာ့အတွက် အရာအားလုံးနဲ့ရင်ဆိုင်မယ်ဆိုတဲ့ ဂျေကော့ဗ်အနေနဲ့ သူ့ဝံပုလွေအုပ်နဲ့ ပြဿနာတွေတက်၊ လမ်းခွဲတွေရောက်လာပါတော့တယ်။ ဘယ်လာ့ဗိုက်ထဲကကလေးလေးက အသက်ရှင်ပါ့မလား…လူသားလေးလား ဗန်ပိုင်းယားလေးလား…ဘယ်လာကိုယ်တိုင်ရော အသက်ရှင်နိုင်ပါ့မလား…တစ်ဖက်မှာ ဂျေကော့ဗ်နဲ့သူ့အဖွဲ့ရဲ့ အနာဂတ်ကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။
Movies Name | Webpage | Telegram Link |
---|---|---|
Twilight (2008) | Click Here | Click Here |
The Twilight Saga: New Moon (2009) | Click Here | Click Here |
The Twilight Saga: Eclipse (2010) | Click Here | Click Here |
The Twilight Saga: Breaking Dawn – Part 1 (2011) | Click Here | Click Here |
The Twilight Saga: Breaking Dawn: Part 2 (2012) | Click Here | Click Here |