
အခုမိတ်ဆက်ပေးမဲ့ ကားလေးကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ transporter refueledဆိုတဲ့ action ကားလေးဖြစ်ပါတယ် transporter seriesမှာ လေးကားမြောက်ထွက်ရှိလာတာပါ ဒီကားမှာတော့ ဖရန့်ခ်နေရာမှာ မင်းသားEd Skrein က ပြောင်းလဲသရုပ်ဆောင် ထားပါတယ် ဒီဇာတ်ကားမှာတော့ ဖရန့်ခ်ရဲ့အဖေဟာ အငြိမ်းစားယူပြီး ဖရန့်ခ်နဲ့အချိန်ဖြုန်းဖို့ ပြန်လာခဲ့ပါတယ် ဖရန့်ခ်ဟာ အမည်မသိ ဖုန်းနံပါတ်ကနေ တစ်ဆင့် အန်နာဆိုတဲ့ အမျိုးသမီးနဲ့ သယ်ယူပို့ဆောင်ပေးဖို့ သဘောတူညီချက်ကို လုပ်ခဲ့ပါတယ် အန်နာကို သွားကြိုတဲ့အခါမှာတော့ နောက်ထပ် မိန်းကလေးနှစ်ယောက်ကိုပါ ပို့ပေးရမှန်းသိတဲ့အတွက် ဖရန့်ခ်က သဘောတူညီချက်ကို ဖျက်ဖို့လုပ်ခဲ့ပါတယ် ဒါပေမဲ့ အန်နာတို့ဟာ ဖရန့်ခ်ရဲ့ အဖေကို ပြန်ပေးဆွဲပြီး ဖရန့်ခ်ကို အကျပ်ကိုင်ခဲ့ပါတယ် ဖရန့်ခ်ဟာ အန်နာတို့ကို ကူညီပေးခဲ့ပြီး အန်နာတို့ဟာ သူတို့ကို အသုံးချခဲ့တဲ့ လူဆိုး ဂိုဏ်းခေါင်းဆောင် ကာရာဆော့ဗ် ကို လက်စားချေဖို့ ဆိုတဲ့ အကြောင်းသိခဲ့ရပါတယ် ကာရာဆော့ဗ်ဟာ ဖရန့်ခ်ရဲ့ အဖေကို ပြန်ပေးဆွဲခဲ့ပြီး ကောင်မလေးသုံးယောက်နဲ့ သူ့အဖေကို လဲလှယ်ဖို့ ပြောခဲ့ပါတယ် ဖရန့်ခ်ကရော သူ့ရဲ့ အဖေကို ကယ်တင်နိုင်ပါ့မလား? အန်နာနဲ့ ကောင်မလေး သုံးယောက်ကရော သူတို့အစီအစဉ်အတိုင်း လက်စားချေသွားနိုင်မလား? ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ပါ IMDb rating ကတော့ 5.2/10 ရရှိထားပေမဲ့ transporter series ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းများကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ် အက်ရှင်ကား ကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်
Movie Names | Webpage Link |
---|---|
The Transporter(2002) | Click Here |
Transporter 2(2005) | Click Here |
Transporter 3(2008) | Click Here |
The Transporter Refueled (2015) | Click Here |