
ဒီဇာတ်ကားကတော့ ကိုရီးယားရဲ့နာမည်ကျော်မင်းသား Kim Soo Hyun နဲ့ မင်းသမီး Jung Ji Hyun တို့အပြင် အခြား နာမည်ကြီး ဇာတ်ပို့ ဇာတ်ရန်တွေလည်း များစွာပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် 2012 ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝင်ငွေ ဒေါ်လာသန်း ၈၀ ကျော်အထိ ရရှိခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ဆု ၁၃ ခုလည်း ရရှိခဲ့တဲ့ တကယ်ကို အောင်မြင်ခဲ့တဲ့ဇာတ်ကားပါ ဒီဇာတ်လမ်းမှာတော့ ကိုရီးယားရဲ့ နာမည်ကြီး သူခိုးတွေ ဖွဲ့ထားတဲ့အဖွဲက မကာအိုက ဈေးအမြင့်ဆုံးစိန်ကိုခိုးယူပြီး ဟောင်ကောင်ရဲ့အချမ်းသာဆုံး သူဌေးဆီကို ရောင်းဖို့အတွက် စီစဥ်ခဲ့ကြ ပါတယ် နာမည်ကြီးသူခိုးဖြစ်ပြီး ကိုရီးယားကနေထွက်ပြေးတိမ်းရှောင်နေတဲ့ မကာအိုဘတ်ဆိုတဲ့သူက ဦးစီးပြီး တရုတ်ကိုရီးယား နာမည်ကြီး သူခိုးတွေပါဝင်တဲ့ အဖွဲ့ကို ဖွဲ့ကာခိုးရန် စီစဥ်ခဲ့ပါတယ် သူခိုးဆိုတဲ့အတိုင်းကိုယ်ရဖိုအတွကိကိုယ်ကြည့်ရင်းအချင်းချင်းပြန်ပြီး နှစ်ပေါက်တစ် ပေါက်ရိုက်ကြရာကနေ နောက်ဆုံးစိန်ကဘယ်သူ့လက်ထဲရောက်သွားမှာလဲ သူတို့တွေရဲ့မရှင်းတဲ့နောက် ကြောင်းတွေကရော ဘယ်လိုတွေလဲ တရုတ်သူခိုးအဖွဲမှာရော တစ်ခြားဘယ်လိုလူတွေပါလာမလဲ နောက်ဆုံးစိန်ကိုရော ရောင်းနိုင်သွားမှာလားဆိုတာကို ရယ်စရာဟာသနှောပြီး ခပ်မိုက်မိုက် စတန့်ရိုက်ကွက်တွေနဲ့ သူခိုးလောကနယ်ပယ်ရဲ့အကြောင်းတွေကို စိတ်ဝင်စားဖွယ်နဲ့ ကြည့်ရှုရမယ့် နာမည်ကြီး ဇာတ်ကား တစ်ကား ပဲဖြစ်ပါတယ်