
ဒီတစ်ခါမှာတော့ The Revenant ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အော်စကာ မှန်းတိုင်းလွဲခဲ့ရတဲ့ မင်းသားကြီး Leonardo Dicapro ဟာ ဒီကားနဲ့မှပဲ အော်စကာဆုကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သရုပ်ဆောင်ပိုင်း ဇာတ်ကောင်အသက်ဝင်မှုတို့ကို လုံးဝစိတ်ချထားလို့ရတဲ့ကားတစ်ကားပါ။ Survival ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်းကို ရဲရဲကြီးအားမခံနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ သားရေထွက်ရှာတဲ့ အနောက်တိုင်းသားတွေကို ဒေသခံအင်ဒီးယန်းမျိုးနွယ်တွေက တိုက်ခိုက်လို့ အနောက်တိုင်းသားတွေ ထွက်ပြေးရပါတယ်။ ဇာတ်ဆောင်မင်းသားက နယ်မြေကျွမ်းကျင်သူဖြစ်တာကြောင့် သူ့သားလေးနဲ့အတူ အဖွဲ့ကို ခံတပ်အရောက်ဆုတ်နိုင်အောင် လမ်းပြရင်း ဝက်ဝံကုတ်ခံရကာ သူ့သားလေးလည်း လုပ်ကြံခံလိုက်ရပါတယ်။ သူ့သားအတွက် လက်စားချေလိုဇောနဲ့ ခံတပ်ထိအရောက် ခက်ခဲကြမ်းတမ်းလှတဲ့ခရီးကို ဒဏ်ရာကြီးရလျက်နဲ့ ဘယ်လိုများသွားနိုင်မှာလဲ၊ သွားရောသွားနိုင်ပါ့မလား၊ သူ့သားလေးအတွက်လည်း လက်စားချေနိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမဲ့ဇာတ်ကားဖြစ်ပါတယ်။ အမေရိကားကိုနယ်ချဲ့ဖို့အတွက် အနောက်တိုင်းသားတွေရဲ့ ဒေသခံအင်ဒီးယန်းတွေအပေါ် နယ်မြေကျူးကျော်မှုတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ ရတ်အင်ဒီးယန်းလူမျိုးတွေကို လူရိုင်းလိုသဘောထားမှုတွေအကြောင်းကိုပါ ပါးပါးလေးရိုက်ပြထားတဲ့အတွက် လက်မလွှတ်သင့်တဲ့ကားတစ်ကားဖြစ်ကြောင်းပါ ရွှေပန်းသီးပရိသတ်ကြီးတို့ရေ။