
ဒီတရုတ်ကားလေးကတော့ တလောလေးတုန်းက ထွက်ထားတဲ့ မူးယစ်ဆေးတွေ၊ လူဆိုးဂိုဏ်းတွေနဲ့ ကြမ်းထားတဲ့ အက်ရှင်ကားလေးပဲ ဖြစ်ပါ တယ်။ တစ်ခုရှိတာက ဒီကားလေးမှာ မင်းသမီး အချောလေးက လုံးဝ အကြမ်းတစ်လိုင်း ပုံစံနဲ့ သရုပ်ဆောင်ထားပါတယ်။ အဲ့တော့ ဆော်… ကြမ်းတာ ကြည့်ချင်တဲ့သူများ ရှိရင် ဒီကို ကြည့်ကြပါလို့ ????။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရဲအရာရှိရွှီဟာ မူးယစ်ဆေး ဂိုဏ်းတွေကို လိုက်လံစုံစမ်းနေတဲ့အတွက် လူဆိုးတွေက မင်းသမီးဖြစ်သူ ချင်ချန်ရဲ့ အစ်ကို ရဲအရာရှိရွှီကို သတ်ပြီး သူ့ကိုလည်း အဓမ္မကျင့် သွားကြပါတယ်။ အဲ့ဒါနဲ့ သူမဟာ စိတ်နာပြီး ဂိုဏ်းရာဇာတစ်ယောက်ဖြစ်တဲ့ ဟေးဟော်ဆီ အကူအညီသွားတောင်းပါတယ်။ ဒီလိုနဲ့ သူမဟာ ဟေးဟော်ထံ တပည့်ခံပြီး သူ့အစ်ကိုကို သတ်သွားတဲ့ ဂိုဏ်းရာဇာ ကွေရန်ကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် တကယ့် တကယ် မှာက သူ့အစ်ကိုကို သတ်သွားတာက ဂိုဏ်းရာဇာတစ်ယောက်တည်း ဟုတ်ပါ့မလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုပြီး အဖြေရှာလိုက်ပါ။