
ငါးမန်းဇာတ်ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် The Reef: Stalked (2022) လာပါပြီ။ ညီမငယ်သေဆုံးပြီးတဲ့နောက်မှာ ဒိုင်ဗင်ကစား ခြင်းကို ရပ်နားထားခဲ့တဲ့ နခ်က သူငယ်ချင်းတွေနဲ့အတူ ကျွန်းတစ်ခုဆီ ခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက် ကျွန်းပေါ်မှာ စိတ်ဒဏ်ရာနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတိတ်ဆိုးတွေကို ကုစားဖို့ ကြံရွယ်ထားခဲ့ကြပေမဲ့ ငါးမန်းတောင်တစ်ခုကို တွေ့လိုက်ရချိန်မှာ အပျော်ခရီးစဉ်ကနေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့် ကြောက်လန့်ဖွယ် အတွေ့အကြုံတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ…။ ကျွန်းပေါ်ပြန်ရမယ့် ခရီးလေး တစ်လျှောက် နောက်ကနေ ထက်ကြပ်မကွာ လိုက်နေတဲ့ ငါးမန်းကို ရင်ဆိုင်နိုင်ဖို့အတွက် အချင်းချင်း လက်တွဲကူညီရင်း၊ ခွန်အားတွေ ပေါင်းစုရင်း တိုက်ခိုက်ခရီးဆက်ကြပုံကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။