
ဒါလေးကတော့ iqiyi rating 9.1/10 ရထားတဲ့ ဖိုက်တာ ဟာသကားလေးပါ။ ဇာတ်လမ်းကတော့ ရှန့်ဟိုင်ထန်းရဲ့ နာမည်ကြီး သိုင်းလောက ထိပ်သီး သူရဲကောင်း ဂုဏ်ပုဒ်ကို ရရှိထားတဲ့ မင်ဂိုဏ်း ဂိုဏ်းချုပ် သခင်မရှီရဲ့ အကြောင်းလေးဖြစ်ပါတယ်။ သခင်မရှီက သိုင်းလောကထဲမှာ နေလာတာလည်း ကြာပြီ၊ ဒုက္ခတွေ ကြုံရတာလည်း များနေပြီ ဆိုတော့ ပင်စင်ယူချင်နေပြီပေါ့နော်။ အသက်အရွယ်ကလည်း ရလာပြီ ဖြစ်တဲ့ သခင်မရှီက ရွာလေးမှာပဲ ယောက်ျားယူ ကလေးမွေးပြီး အေးချမ်းတဲ့ သာမန်မိန်းမတစ်ယောက်လိုပဲ နေချင်တော့တယ်။ ဒါပေမဲ့ သိုင်းလောကထဲက လူတွေကတော့ သိုင်းလောက ထိပ်သီး သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ် အတွက်နဲ့ သခင်မရှီကို နေ့တိုင်း ညတိုင်း လိုက်သတ်နေကြပါတယ်။ သခင်မရှီကလည်း ဒါတွေကို စိတ်ကုန်ပြီးတော့ သူ ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ သူ့ဆရာရဲ့ ဇော်မိသားစုရွာလေးကိုပဲ ပြန်ပြီး အပြီးတိုင် အနားယူဖို့ စီစဉ်လိုက်တယ်။ ဒါပေမဲ့ မထင်မှတ်တဲ့ ကိစ္စ တစ်ခုကြောင့် သခင်မရှီနဲ့ သူ့ရဲ့ ဆရာတူ ညီမယွိတို့က ရှန်ဟိုင်ထန်းကို ပြန်လာခဲ့ရပါဝောာ့တယ်။ ကိုလိုနီခေတ်လိုလို ရှေးခတ်လိုလို ခေတ်ဆန်ဆန်လေးနဲ့ သိုင်းချတာတွေကော ဟာသလေးတွေကော ပါလို့ ဇာတ်ကားလေးကို အခုပဲ Download လုပ်ပြီး ကြည့်လိုက်တော့နော်။