
အခုတစ်ခါမှာတော့ Disney ရဲ့ အကောင်းဆုံး animation ဇာတ်ကားတစ်ကားဖြစ်တဲ့ The Princess And The Frog ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ တီယာနာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်းက အချက်အပြုတ်မှာပါရမီပါပြီး သူ့အဖေရဲ့ ရည်မှန်းချက်အတိုင်း စားသောက်ဆိုင်ကြီးတစ်ဆိုင်ကိုဖွင့်ချင်နေတဲ့သူပေါ့။ ဒါကြောင့်မလို့ သူဟာ အရွယ်ရောက်ကတည်းက နေ့စဉ်နေ့တိုင်း အလုပ်ကြိုးစားပြီး စာသောက်ဆိုင်လေးရအောင် အစွမ်းကုန်ကြိုးပမ်းနေခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ပဲ တစ်နေ့ အလုပ်နဲ့ပါတီပွဲတစ်ခုမှာ တီယာနာတစ်ယောက် အရိပ်လူသားလို့ခေါ်တဲ့ စုန်းအဘိုးကြီးရဲ့ လက်ချက်ကြောင့် ဖားတစ်ကောင်ဖြစ်သွားတဲ့ မင်းသားလေးနာဗင်းနဲ့ ဆုံမိခဲ့တယ်။ မင်းသားလေးကလည်း ရှေးကပုံပြင်တွေအတိုင်း မင်းသမီးလေးတစ်ပါးက သူ့ကိုနမ်းလိုက်ရင် လူပြန်ဖြစ်သွားမယ်ဆိုပြီး မင်းသမီးအထင်နဲ့ တီယာနာကိုနမ်းလိုက်ပါတော့တယ်။ ဒါပေမယ့် တီယာနာက မင်းသမီးမဟုတ်တဲ့အတွက် သူတို့နှစ်ယောက်နမ်းလိုက်တဲ့အချိန်မှာ တီယာနာပါ ဖားတစ်ကောင်ဖြစ်သွားတော့ တိုင်တွေပတ်ကုန်တာပေါ့။ အဲ့လိုနဲ့ သူတို့နှစ်ဦးပေါင်းပြီး လူပြန်ဖြစ်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေကိုဖြတ်ကျော်ရမယ်၊ အဆုံးသတ်ကျဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါရှင့်။ ဒီဇာတ်ကားလေးဟာဆိုရင် Best animation feature ဆုရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီး Disney ရဲ့ထုံးစံအတိုင်း သီချင်းလေးတွေနဲ့ မြူးမြူးကြွကြွလေးမို့ တကယ်ကို စိတ်ဝင်စားစရာဖြစ်စေမှာမို့ ကြည့်ရှုအားပေးကြပါဦးနော်။