
ဒီတစ်ခါ ဇာတ်လမ်းလေးကတော့ ရဲတစ်ယောက်က ရာဇဝတ်သားတစ်ယောက်ကို ဖမ်းဖို့အတွက် အမြဲနည်းလမ်းတကျဖြစ်နေရမှာလား၊ ရာဇဝတ်ကောင်တွေတောင် လူစိတ်မရှိဘဲ လုပ်နေကြတာမျိုးကို ရဲတွေဆိုပြီး စည်းကမ်းကျင့်ဝတ်တွေ စောင့်ထိန်းပေးနေရမှာလား ဆိုတဲ့ အကြောင်းလေးတွေကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ ရာဇဝတ်ကောင်တွေကို ဖမ်းဖို့အတွက် ရာဇဝတ်ကောင်တွေဆီက သတင်း ပြန်နှိုက်ပြီး စုံစမ်းထောက်လှမ်းနေတဲ့ စုံထောက် ဘတ်ဂန်ယွန်း။ ငယ်ငယ်ကတည်းက အဖေ့လိုဖြစ်ချင်ပြီး စုံထောက် ဖြစ်လာခဲ့တဲ့ စုံထောက်သစ်လေး ချွဲမင်ဂျယ်။ တခြားသူတွေထက် ပိုပြီး စည်းမျဥ်းနဲ့ ကျင့်ဝတ်တွေကို အလေးထားတဲ့ စုံထောက်လေးနဲ့ ရာဇဝတ်ကောင် တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖမ်းမယ်ဆိုတဲ့ စုံထောက်တို့ကြား ဘယ်လိုညှိနှိုင်းပြီး တရားခံတွေကို ဖမ်းကြမလဲ? သူတို့လိုက်နေတဲ့ ရာဇဝတ်ကောင်တွေကိုကော အကုန်လုံးဖမ်းဆီးနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။