
စစ်ကားဆိုရင် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ကားမှကြည့်ရှုလိုသူတွေအတွက် တကယ်ကောင်းတဲ့ ကားလေးလာပါပြီ။ IMDB မှာ 6.7/10 ရရှိထားပြီး Rotten Tomato မှာ 93% အထိ Rating ရရှိထားပါတယ်။အမေရိကန်တွေ အာဖဂန်နစ္စတန်မြေမှာ အတိုက်ခံလိုက်ရတဲ့ဖြစ်ရပ်မှန်ဇာတ်ကား လေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်း အကျဉ်ချုံးပြောရမယ်ဆိုရင် အမေရိကန်နိုင်ငံဟာ အာဖဂန်နစ္စတန်မှာ စစ်အခြေစိုက်စခန်းတွေ ဖွင့်လှစ်ထားပါတယ်။ အဲ့ဒီအထဲမှာ တောင်သုံးလုံးကြားမှာ တည်ဆောက်ထားတဲ့ ကီတင်းကင်းစခန်းလေးလည်း အပါအဝင်ဖြစ်ပါတယ်။ သူတို့ရဲ့ တာဝန်က အဲ့ဒီဒေသမှာ တရားမဝင်လက်နက်စီးဆင်းမှုတွေမရှိဖို့နဲ့ ဒေသခံတွေနဲ့ တာလီဘန်တွေ မပေါင်းမိအောင် ထိန်းသိမ်းဖို့အတွက် တာဝန် ထမ်းဆောင်နေရခြင်း ဖြစ်ပါတယ်။ ဒီလိုနဲ့တာဝန်ထမ်းဆောင်နေရင်း တစ်နေ့မှာတာလီဘန်တွေရာနဲ့ချီပြီးစခန်းကို ဝင်တိုက်ကြတော့တယ်။ ဒီလိုအင်အားနဲ့ပါးတဲ့ ကီတင်းကင်းစခန်း ဝင်တိုက်ခံရချိန်မှာ ရန်သူတွေကိုပြန်လည်ချေမှုန်းနိုင်မှာလား ဒါမှမဟုတ် ရန်သူ့လက်အောက်ကျ ရောက်ပြီး သူတို့အားလုံးအသက် စွန့်သွားရမလား သူတို့ရဲ့မစ်ရှင်ကိုကျေပွန်စွာထမ်းဆောင်နိုင်မှာလားဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ကားတစ်ကားဖြစ်ပါတယ်