
ဒီကားလေးကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သဘာဝလွန် horror movie ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ အမေနဲ့သားလေးဟာ အမည်မသိသူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ် ငါးနှစ်ကြာပြီးနောက် အဲဒီအိမ်ကို ဆယ်လမွန်တိုမိသားစုက ချီကာဂိုကနေ ပြောင်းလာပါတယ် သူတို့သမီး ဂျက်စ်ကတော့ အိမ်ပြောင်းလာတာကို သဘောမကျပါဘူး အငယ်ဆုံးကလေးလေး ဘန်ကတော့ ကားအက်စီးဒင့်ကြောင့် ထိတ်လန့်ပြီး စကားမပြောနိုင်ဖြစ်ခဲ့ရတာပါ ရေးဆယ်လမွန်က အဲဒီလယ်မှာ နေကြာတွေစိုက်ခဲ့ပါတယ် အထူးအဆန်း အဖြစ်အပျက်တွေဟာ သူတိုပြောင်းလာပြီးမကြာခင်မှာပေါ်လာပါတော့တယ် ကျီးကန်းတွေဟာလဲ သူတိုအိမ်တစ်ဝိုက် ပျံဝဲနေပါတယ် တစ်ရက် မှာတော့ ကျီးကန်းတွေကို မောင်းထုတ်ပေးတဲ့ ဂျွန်ဘာဝဲလ်နဲ့ဆုံခဲ့ပြိး ဆယ်လမွန်တိုကအလုပ်ပေးထားပြီး အတူနေခဲ့ပါတယ် ဆယ်လမွန် လက်ကို ထွန်စက်နဲ့ရှမိပြီး ဆေးရုံပိုရချိန်မှာ အိမ်မှာ ဂျက်စ်တိုမောင်နှမနဲ့ ဂျွန်တိုပဲကျန်ခဲ့ပါတယ် အဲဒီညမှာပဲ ဂျက်စ်ဟာ မြေအောက်ခန်းထဲက အရိပ်မည်း တွေကိုမြင်ခဲ့ရပြီး ၉၁၁ ကိုဖုန်းဆက်ခဲ့ပါတယ် လူတွေရောက်လာတော့ အရာအားလုံးကပုံမှန်ဖြစ်နေတဲ့အတွက် ဂျက်စ်ပြောတာကို ဘယ်သူမှ မယုံပေးကြပါဘူး ဆယ်လမွန်တိုရောပေါ့ ဂျက်စ်ကတော့သူမမြင်ခဲ့တာ သေချာနေတဲ့အတွက် သူမတို့အိမ်အကြောင်းကို စုံစမ်းခဲ့ပါတယ် သူတို့ အိမ်ကိုတိုက်ဆိုင်စွာရောက်လာတဲ့ ဂျွန်ကရော ဘယ်သူလဲ? မြေအောက်ခန်းထဲက အရိပ်မည်းပိုင်ရှင်နဲ့ သူတို့ရဲ့ ဇာတ်လမ်း ကရော ဘယ်လိုလဲ? ဆယ်လမွန်တို့မိသားစုလဲ အဲဒီအိမ်ကြီးမှာ အန္တရယ်ကင်းနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ကား ကောင်းလေးပါ ဂျက်စ် နေရာမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးလေး kristen stewart ကပါဝင်သရုပ်ဆောင်ထားပါတယ် IMDb rating ကတော့ 5.4/10 ရရှိထားပါတယ်