
IDB 5.6/10 ရထားတဲ့ The Maid ထိုင်းရုပ်ရှင်ကားက ၂၀၂၀ ပြည့်နှစ်မှာပူပူနွေးနွေးထွက်ထားတဲ့ဇာတ်ကား ကောင်းတစ်ခုဖြစ်ပါတယ်။ ရင် တထိတ်ထိတ်နဲ့ ဇာတ်ကား တစ်ခုလုံးကိုကြည့်ရတဲ့အရသာ၊ သရဲဆိုတာ အကောင်လိုက်ခြောက်စရာမလိုဘူး အရိပ်မြင်ရုံနဲ့တင် လန့်ရတယ် ဆိုတဲ့သူတွေအတွက် စွဲဆောင်မှုရှိတဲ့ ဇာတ်ကား တစ်ခုပါ။ ၂ နာရီဇာတ်လမ်းပေမယ့် ဇာတ်အိမ်ဖိသင့်တဲ့နေရာဖိ ဖော့သင့်တဲ့နေရာဖော့ပြီး အချိုးအကွေ့များစွာနဲ့ ကိုယ်မထင်မှတ်ထားတာတွေ အဖြစ်အပျက်တွေနဲ့ ဇာတ်လမ်းပြီးတဲ့အထိဆွဲခေါ် သွားနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစား ကတော့ Horror / Mystery/ Thriller/ Fantasy အပြင် Drama ပါဆိုတော့ရသစုံလင်ပါပဲ။ သရဲကားမကြိုက်တဲ့သူတောင်အဆုံးအထိ ကြည့်ပျော်တဲ့ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဥ်းကတော့ ချမ်းသာတဲ့အိမ်တော်ကြီးတစ်ခုမှာ ပြီးပြည့်စုံတယ်လို့ထင်ရတဲ့ သူဌေးမိသားစု နေပါသတဲ့။ သူဌေးတွေပီပီခြွေရံသင်းပင်းတွေအပြည့်နဲ့ပေါ့။ ဒါပေမယ့်….အိမ်ကြီးမှာအိမ်အကူတွေက ဘယ်တော့မှ မမြဲပါဘူး။ ဒါနဲ့ပဲတစ်နေ့မှာ ဂျွိုင်း ဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် အိမ်အကူအနေနဲ့အဲ့ဒီအိမ်တော်ကိုရောက်သွားခဲ့ပါတယ်။ ကျန်တာတွေ အားလုံး ပုံမှန် ထင်ရတဲ့အိမ်ကြီးမှာ စည်းကမ်းချက်တစ်ခုပဲရှိပါတယ်။ အဲ့ဒါက……”သူများကိစ္စမစပ်စုပါနဲ့”……..တဲ့။ ဂျွိုင်း ကသူရဲ့နေစဥ် အလုပ်တွေ လုပ်ရင်း၊ သခင်မလေးနစ် ကိုထိန်းရင်းထူးဆန်းတာတွေမြင်တွေ့လာရတဲ့အခါမှာ ဘယ်လိုဆက် လုပ်မလဲ? အရင်အိမ်အကူတွေကရော ဘာဖြစ်လို့ အလုပ် ထွက်သွားခဲ့တာလဲ? သခင်မနဲ့သခင်ကြီးရဲ့ ဆက်ဆံရေးကရောဘယ်လိုလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ်တဝကြီးကြည့်ရမှာ ဖြစ်ပါ တယ်။