
ဒီဇာတ်ကားက 1993 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Jurassic Park 1 ရဲ့အဆက်ဖြစ်ပြီး မျိုးသုဉ်းပြီးသတ္တဝါတွေနဲ့ အပန်းဖြေဥယျာဉ်ကြီးတစ်ခု တည်ဆောက်ဖို့ကြိုးစားခဲ့တဲ့ ဂျွန်ဟမ်မွန်ရဲ့အိပ်မက်တွေ လေထဲပျောက်ပျက်သွားပြီးချိန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မတော်တဆမှုတွေနဲ့အတူ ကျရှုံးသွားခဲ့တဲ့ ဂျရက်ဆစ်ဥယျာဉ်အပြင် ဒိုင်နိုဆောတွေကိုခြံခတ်မထားဘဲ သဘာဝအတိုင်းရှင်သန်ခိုင်းထားတဲ့ ကျွန်းတစ်ကျွန်းရှိနေပါသေးတယ်။ ပြဿနာက ဂျွန်ဟာ ဂျရက်ဆစ်ဥယျာဉ်ကမတော်တဆမှုကြောင့် ရှယ်ယာရှင်တွေရဲ့ယုံကြည်မှုပျောက်ဆုံးပြီး ဥက္ကဋ္ဌနေရာကိုလက်လွှတ်လိုက်ရတဲ့အပြင် ဒီကျွန်းဟာလည်းပဲ မသမာသူတွေလက်ထဲရောက်တော့မဲ့အခြေအနေကို ရောက်ရှိနေပါတယ်။ အဲဒါကြောင့် ဂျွန့်အနေနဲ့ ဒိုင်နိုဆောတွေတကယ်ရှိတယ်ဆိုတဲ့ မှတ်တမ်းသက်သေတွေနဲ့အတူ ပြည်သူတွေဆီကထောက်ခံမှုရယူဖို့ ကျွန်းပေါ်ကိုလေ့လာရေးအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုတ်ဒါရိုက်တာတွေဘက်ကလည်း ကျွန်းပေါ်ကိုနောက်တစ်ဖွဲ့စေလွှတ်ပြီး သတ္တဝါတွေကိုဖမ်းဆီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ဒီကားမှာဆိုရင်တော့ နံပါတ်ဝမ်းမှာ စကားလုံးအလန်းတွေနဲ့ ပရိသတ်အသည်းကိုဖမ်းယူခဲ့တဲ့ ဒေါက်တာမဲလ်ကွန်းက အဓိကဇာတ်ဆောင်အဖြစ် ပါဝင်လာတာကို တွေ့ရမှာပါ။ IMDb rating အနေနဲ့က 6.5 ဖြစ်တာမို့ ဒိုင်နိုဆောဖန်တွေအတွက်ကတော့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ကြောင်း ပြောချင်ပါတယ်နော်။
Movies Name | Webpage | Telegram Link |
---|---|---|
Jurassic Park (1993) | Click Here | Click Here |
The Lost World: Jurassic Park (1997) | Click Here | Click Here |
Jurassic Park 3 (2001) | Click Here | Click Here |
Jurassic World (2015) | Click Here | Click Here |
Jurassic World: Fallen Kingdom (2018) | Click Here | Click Here |
Jurassic World Dominion (2022) | Click Here | Click Here |