
ဇာတ်ကားလေးရဲ့အစမှာတော့ အေရီရယ်ရဲ့သမီးဖြစ်သူ မယ်လိုဒီကို ဆွေပြမျိုးပြသဘောမျိုးနဲ့ ပင်လယ်ကြီးထဲကိုသွားပြီး သူ့ရဲ့အဖိုး ဘုရင်ကြီးထရိုင်တန်နဲ့ပေးတွေ့တဲ့အချိန်မှာ အာဆူလာရဲ့ညီမဖြစ်သူ မော်ဂါနာဆိုတဲ့ပင်လယ်စုန်းမကြီးက မယ်လိုဒီလေးကိုအသုံးချပြီး ပင်လယ်ကြီးကိုစိုးမိုးဖို့ ကြံစည်ပါတော့တယ်။ မယ်လိုဒီလေး အန္တရာယ်ကျရောက်ခဲ့တဲ့အခြေအနေမျိုးဖြစ်တာမို့ အေရီရယ်က သူ့ရဲ့သမီးဘေးကင်းဖို့ရာအတွက် ရေသူတွေရှိတယ်ဆိုတဲ့အကြောင်းကို မယ်လိုဒီမသိအောင် တံတိုင်းကြီးတည်ဆောက်ခဲ့ပြီး ပင်လယ်ထဲသွားဖို့ကိုတားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် မယ်လိုဒီက သူ့ရဲ့အမေအေရီရယ်လို တစ်ဇွတ်ထိုးဆန်တဲ့ အကျင့်ကလေးပါလာခဲ့တာကြောင့် ပင်လယ်ကြီးထဲကို နေ့တိုင်းခိုးသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘုရင်ကြီးထရိုင်တန်က မယ်လိုဒီကိုပေးခဲ့တဲ့ လည်ဆွဲလေးကိုတွေ့ပြီး ရေသူတွေတကယ်ရှိတယ်ဆိုတဲ့အကြောင်းသိသွားတဲ့အခါမှာတော့ မယ်လိုဒီဟာ နန်းတော်ကြီးထဲကနေခိုးထွက်ပြီး အဲ့ဒီလည်ဆွဲရဲ့အကြောင်းကို ရှာဖွေပါတော့တယ်။ အဲ့ဒီအချိန်ကိုစောင့်နေတဲ့ ပင်လယ်စုန်းမကြီး မော်ဂါနာက မယ်လိုဒီကိုလှည့်ဖျားပြီး ဘုရင်ကြီးထရိုင်တန်ရဲ့ခရင်းခွကို ခိုးခိုင်းခဲ့ပါတယ်။ အဲ့လိုနဲ့ တဇွတ်ထိုးဆန်တဲ့ ဆယ်ကျော်သက်အရွယ် မယ်လိုဒီတစ်ယောက် ဘယ်လိုအခက်အခဲမျိုးတွေကိုရင်ဆိုင်သွားရမလဲ။ ပင်လယ်စုန်းမကြီးကရော မယ်လိုဒီကို ဘယ်လိုမုသားတွေနဲ့သိမ်းသွင်းသွားမလဲ။ အေရီရယ်ကရော သူ့ရဲ့သမီးကို အဖြစ်မှန်တွေကိုရှင်းပြနိုင်ပါ့မလားဆိုတာတွေကို ပင်လယ်ကြီးရဲ့အလှတရားတွေနဲ့အတူ ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။
Movies Name | Webpage | Telegram Links |
---|---|---|
The Little Mermaid (1989) | Click Here | Click Here |
The Little Mermaid II: Return to the Sea (2000) | Click Here | Click Here |