
The Kissing Booth 2 (မြန်မာစာတန်းထိုး)
2020 ‧ Comedy/Romance ‧ 2h 11m
Translate & Script =Jasmine haneul
xxxxxxxxxxxxxxxxxxxx
The kissing booth ဟာ ၂၀၁၇ မှာ စပြပြီးကတည်းက အရမ်းအောင်မြင်ခဲ့တဲ့ American teen school romance ကားလေးတစ်ကားဆိုတာ ရုပ်ရှင်ချစ်သူတိုင်း သိကြလိမ့်မယ်လို့ ထင်ပါတယ်။ အခု 2020 မှာတော့ the kissing booth sequel ဖြစ်တဲ့ the kissing booth 2 က netflix ကနေတစ်ဆင့် ပရိတ်သတ်ရှေ့ကို ရောက်ရှိလို့လာပါပြီ။ အချစ်ဆုံးသူငယ်ချင်းနဲ့ရှိတဲ့ သံယောဇဥ◌်၊ အချစ်ဆုံးသူငယ်ချင်းကိုချစ်မိတဲ့အချစ် တို့ကြားမှာ ဗျာများခဲ့ရတဲ့ အယ်လ်တစ်ဖြစ်လဲ Joey king လေးကို သတိရကြဦးမှာပါနော်။ ဒီအပိုင်းမှာတော့ ဟားဗတ်ကို ကျောင်းသွားတက်ပြီဖြစ်တဲ့ နိုအာကို သတိရရင်း BFFတစ်ဖြစ်လဲ လီနဲ့အတူ အချိန်တွေ ဘယ်လို ဖြတ်သန်းမလဲ။ လီရဲ့ကောင်မလေးတစ်ဖြစ်လဲ ရေချယ်ကရော သူတို့သူငယ်ချင်းအချစ်ကို အပြည့်အဝနားလည်ပေးနိုင်ပါ့မလား။ မိန်းကလေးသဘာဝ ကိုယ့်ချစ်သူက အဝေးရောက်နေတဲ့အခါ အယ်လ်တစ်ယောက် နိုအာ့ကိုရော စိတ်ချနိုင်ပါ့မလား။ ကျောင်းကို အသစ်ပြောင်းလာတဲ့သူကရော သူတို့နဲ့ ဘယ်လိုပက်သက်မှုတွေရှိမှာလဲ။ သူတို့နှစ်ယောက် ရွေးချယ်ခဲ့တဲ့အချစ်ဆိုတာကရော LDRS ဖြစ်သွားတဲ့အခါ ထင်ထားသလို ခိုင်မြဲနိုင်ပါ့မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။