
ဒီတရုတ်သိုင်းကားလေးက ၂၀၁၉ က ထွက်ထားတဲ့ ကားလေးဆိုပေမယ့် ထွက်ထားတဲ့ သိုင်းကားတွေထဲမှာ မဆိုးဘူးလို့ ပြောရမယ်ဗျာ့။ ဘာလို့လဲဆိုတော့ ဇာတ်ကားလေးက သိုင်းကားဆိုပေမယ့် မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေပါနေပြီး တခြားကားတွေလို ပေါတောတော မဟုတ်လို့ပါ။ ဒါ့အပြင် မင်းသမီးလေး တွေကလည်း လှတဲ့အထဲမှာ ပါပါတယ်။ အဲ့တော့ သိုင်းကားကြိုက်တဲ့ ပရိသတ်ကြီးကိုတော့ ကြည့်ဖို့ တိုက်တွန်း ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၇ ပြည်ထောင်ထဲက ချင်ပြည်ဟာ လောကကို အုပ်စိုးနိုင်မယ့် ဒယ်စောက်ကို တွေ့သွားပါတယ်။ ဒါနဲ့ အဲ့ဒယ်စောက်ကို ချင်ဘုရင်က ရှန်းရန်ကို သယ်လာခိုင်းရာမှာ လမ်းမှာ ဖြတ်လုသွားပါတယ်။ လုသွားတဲ့ လူက တခြားလူမဟုတ်ပါဘူး။ ချင်ပြည်က အကြံပေးပါ။ ဘာလို့လဲဆိုတော့ အဲ့ဒယ်စောက်ထဲမှာ ကောင်းကင်စစ်တပ်ကို ချိပ်ပိတ်ထားပြီး အဲ့ဟာကို ရတဲ့သူက လောကကို အုပ်စိုးနိုင်မယ်လို့ နာမည်ကြီးနေလို့ပါ။ ဒီလိုနဲ့ ဒယ်စောက်ကို သယ်လာရတဲ့ ဟန်ပြည်သား ကျန်းကော်က ခေါင်းခံရပါတော့တယ်။ သူ့သမီးဖြစ်သူမှာလည်း ဟန်ပြည်ကို ပြန်ပြေးရပြီး သူ့ရဲ့တိတ်တခိုးချစ်ရသူ ဟန်ပြည်ရဲ့ မင်းသား ၉ ဟန်ဖေးဆီ အကူအညီ သွား တောင်းရပါတော့တယ်။ ဒီလိုနဲ့ ဟန်ဖေးမှာ ချင်ပြည်ကို ရောက်လာပြီး ဒယ်စောက်ကို ကိစ္စကို ဖြေရှင်းပေး ရပါတာပေါ့။ ဒါပေမယ့် ဒီကိစ္စမှာ ဘယ်လိုမြှုပ်ကွက်တွေ ရှိနေမလဲဆိုတာတော့ ပရိသတ်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှု ခံစားလိုက်ပါ။