
တိုးတက်လာတဲ့သိပ္ပံပညာတွေနဲ့အတူကောင်းကျိုးရောဆိုးကျိုးတွေပါနှစ်မျိုးတွဲပါလာတတ်ပါတယ် ဒီဇာတ်ကားမှာဆိုရင် ရင်ခွဲရုံ အလောင်း စမ်းသပ်ခန်း တစ်ခုကနေစွန့်ပစ်လိုက်တဲ့အဆိပ်ကဟန်မြစ်ထဲကိုရောက်သွားပြီး ငါးတစ်ကောင်ကို ကြီးမားတဲ့သတ္တဝါဆိုးကြီးအဖြစ် ပြောင်းလဲ သွားစေတာပါ အဲ့သတ္တဝါဆိုကြီးမြို့ထဲဝင်လာချိန်လူအများအပြားလည်းသေဆုံးခဲ့ရပါတယ် ကံဆိုးတဲ့ကလေးမလေးတစ်ယောက်ကတော့ အရှင် လတ်လတ်ခေါ်သွားခံရပြီး တံတားတစ်ခုအောက်ကရေပိုက်မြောင်းထဲမှာအထားခံထားရပါတယ် သူ့မိသားစုဝင်တွေကိုလည်း ဗိုင်းရပ်စ် ကူးစက် ခံရတယ်လို့ စွပ်စွဲပြီးစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ် အဲ့လိုစွပ်စွဲမှုတွေရဲ့နောက်မှာ လိမ်ညာပြီးသိပ္ပံစမ်းသပ်မှုတွေလုပ်ချင်နေတဲ့ အမေရိကန် ဓါတုဗေဒအဖွဲ့ကလည်းရှိနေပါတယ် ဗိုင်းရပ်စ်မရှိတဲ့သူတွေကိုရှိတယ်လို့စွပ်စွဲပြီး စစ်ဆေးမှုတွေလုပ်နေကြတုန်း သေပြီလို့ထင်ထားတဲ့ သမီး ဆီကနေ ဖုန်းဝင်လာပြီးမသေသေးကြောင်းသိသွားချိန် စမ်းသပ်မှုတွေလုပ်နေကြတဲ့သူတွေရဲ့လက်ထဲကနေဘယ်လိုထွက်ပြေးပြီး မိသားစု ဝင်တွေကသမီးဖြစ်သူကိုသွားကယ်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ CG တွေကလည်း တကယ်ကောင်းမွန်ပြီး ပီသတာကြောင့် ကြည့်ရတာ တကယ် အသက်ဝင်မဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး ဒီဇာတ်ကားကိုတော့ ၂၀၀၆ ခုနှစ်မှာကိုရီးယားနိုင်ငံမှာပြသခဲ့တာဖြစ်ပြီး နာမည်ကြီးဒါရိုက်တာဘွန်ဂျွန်းဟိုရဲ့လက်ရာဖြစ်တာကြောင့်ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်