
သာဓု သို့မဟုတ် ပိန္နဲသီးသရဲကား ဆိုတဲ့ကားလေးကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ထွက်ရှိခဲ့ပြီး IMDB 5.4/10 ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များရဲ့သာဿနာအဆုံးအမများ၊ ယုံကြည်ကိုးကွယ်မှုများအပြင် မိဘမေတ္တာကိုပါဖော်ကျူးရင် ဟာသအနှောလေးတွေနဲ့ပရိသတ်ကို ဆွဲခေါ်သွားနိုင်ပါတယ်။ ဒီ့အပြင်ဇာတ်ဝင်တေးတွေကအစ အဓိပ္ပာယ်ပြည့်ပြည့်ဝဝနဲ့မြူးသင့်တာမြူး၊ ဆွေးသင့်တာဆွေးရအောင် အံဝင်ဂွင်ကျတင်ဆက်ထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းလေးက ရဲထောက်လှမ်းရေးတွေဖမ်းရခက်တဲ့ ငကျား ဆိုတဲ့လူလိမ်တစ်ယောက်ရှိပါတယ်။ ပြေးရင်လိမ်ရင်းနဲ့တစ်နေ့မှာ အမေဖြစ်သူက မိန်းမပေးစားဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရွာပြန်ခေါ် ပါတယ်။ ဒါပေမယ့်ခြွင်းချက်တစ်ခုက မိန်းမမယူခင်အရင်ဆုံးဘုန်းကြီးဝတ်ရပါမယ်တဲ့။ ငကျားတစ်ယောက် ရွာပြန်ဘုန်းကြီးဝတ်တဲ့အချိန်မှာဘဲ ရွာကစျေးပိုင်ရှင် ပရစ် ဆိုတဲ့အဘွားကြီးကပိန္နဲသီး ခေါင်းပိပြီးသေသွားပါတော့တယ်။ ပရစ် သရဲမရွာမှာသောင်းကျန်းတဲ့ အခါဦးဇင်းပေါက်စ ငကျားတစ်ယောက်ဘယ်လိုဖြေရှင်း မှာလဲ၊ သရဲမကအကြောင်းမရှိအကြောင်းရှာပြီးသောင်းကျန်းတာလား၊ ငကျားဘုန်းကြီးကြာကြာဝတ်နိုင်ပါ့ မလား၊ အဆုံးသတ်မှာငကျားအဖမ်းခံရမှာလား၊ ငကျားဖူးစာ ကရော ဘယ်လိုဖြစ်သွားမှာလဲ ဆိုတာကို အချိတ်အဆက်မိမိ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။