
ဒီတစ်ခါတော့ လတ်တလောကတင်ထွက်ထားတဲ့ အသစ်စက်စက် horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားရဲ့ခေါင်းစဉ်အတိုင်းပဲ ပန်ဒဲလ်တောင်ကုန်းရဲ့ခြောက်လှန့်မှုတွေအကြောင်းကို ရိုက်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ထူးခြားတဲ့အချက်ကတော့ မြှပ်ကွက်လေးတွေပါတာပါ။
သမိုင်းပညာရှင်တစ်ယောက် ပန်ဒဲလ်တောင်ကုန်းပေါ်မှာပျောက်ဆုံးသွားလို့ ရဲတွေကိုတိုင်ကြားခဲ့ပေမဲ့လည်း အရေးတယူဆောင်ရွက်ပေးခြင်းမရှိတာကြောင့် သူ့ရဲ့သမီးဖြစ်သူမာတီဒါကိုယ်တိုင်က ပန်ဒဲလ်တောင်ကုန်းပေါ်ကို လာရောက်ရှာဖွေတာနဲ့ ဇာတ်လမ်းလေးကိုအစပြုထားပါတယ်။ ထူးဆန်းတဲ့အချက်တစ်ချက်ကတော့ ပန်ဒဲလ်တောင်ကုန်းရဲ့သမိုင်းကြောင်းပါပဲ။ ဒီတောင်ကုန်းပေါ်မှာ အငြိုးကြီးတဲ့ စုန်းမကြီးဒမ်းဒိုက်နဲ့ သူ့ရဲ့သမီးဖြစ်သူရယ် မြေးမလေးဖြစ်သူရဲ့ ဝိဉာဉ်တွေကနှောက်ယှက်နေတယ် လို့လူတွေက လက်ခံယုံကြည်ထားကြပါတယ်။ အဲဒီပန်ဒဲလ်တောင်းကုန်းကြီးပေါ်မှာ မာတီဒါတစ်ယောက်သူ့ရဲ့အဖေဖြစ်သူကိုရှာဖွေနိုင်ပါ့မလား။ သူ့ရဲ့အဖေဖြစ်သူကရော ဒီတောင်ကုန်းကြီးနဲ့ဘယ်လိုပက်သက်နေတာလဲ အစရှိတဲ့ ဆန်းကြယ်တဲ့အကြောင်းအရာတွေကို ဒီဇာတ်ကားထဲမှာ ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။