
IMDb 8.1/10, Rotten Toamtoes 95% အထိရရှိထားတဲ့ lesbian ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ 1930 ခုနှစ် ကိုရီးယားကို ဂျပန်သိမ်းထားတဲ့ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကားအစမှာတော့ ဂျပန်စံအိမ်တစ်ခုမှာနေထိုင်တဲ့ မမလေး Hideko အတွက် အစေခံအိမ်ဖော်အဖြစ် Sokee ဆိုတဲ့ ကိုရီးယားမလေးက အလုပ်ဝင်လာတယ်။ ဒီအစေခံမလေးမှာ လျှို့ဝှက်ချက်ကြီးရှိတယ်။ အဲ့ဒါကတော့ သူဟာသူခိုးမလေးဖြစ်တဲ့အပြင် Hideko နားကို ချဉ်းကပ်ဖို့အတွက် မြို့စားယောင်ဆောင်ထားတဲ့ လူလိမ်တစ်ကောင်က ငှားထားတဲ့သူပဲဖြစ်ပါတယ်။ သူတို့အစီအစဉ်က Hideko ကိုဖြားယောင်းပြီး မြို့စားကိုကြိုက်၊ ခိုးရာလိုက်ပြေးအောင်လုပ်ပြီး အမွေတွေယူကာ Hideko ကို အရူးထောင်ထဲထည့်ဖို့ပါ။ ဒါပေမဲ့ Hideko နဲ့ Sokee ကြား အချင်းချင်းခံစားချက်တွေ ရှိလာခဲ့အခါမှာတော့ အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။