
မနှစ်က ထွက်ရှိထားတဲ့ IMDb rating (5.6/10) ရှိ၊ ဗီယက်နမ်ကားတစ်ကားကို Horror ကြိုက် ပရိသတ်များအတွက် ထပ်မံ တင်ဆက်ပေးပါရစေ။ လူကြိုက်များပြီး အောင်မြင်မှုတွေ ရရှိထားတဲ့ အဆိုတော်မလေး လန်ပူအွန်း၊ မကြာခင် လက်ထပ်တော့မယ့် ချစ်ရသူ ခမ်းန်နဲ့ ချမ်းသာကြွယ်ဝတဲ့ သူမရဲ့မိဘတွေကို ထားရစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်ဆိုတဲ့ သတင်းဟာ TV ဖန်သားပြင်နဲ့ အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားပါတယ်။ သေဆုံးချိန်မှာ ကုမန်ထောင်အရုပ်လေးတစ်ရုပ်ကို ပိုက်ထားတဲ့ လန်ပူအွန်းဟာ အောက်လမ်း အတတ်တွေ တတ်နေသလိုလို၊ မကြာသေးခင်က သူမရဲ့ လှုမှုကွန်ယက်စာမျက်နှာမှာ ပျံ့သွားတဲ့ Sex Video ကြောင့်လိုလိုနဲ့ သတင်းတွေက ပလူပျံလို့ပေါ့။ သူမရဲ့အချစ်ဆုံးသူငယ်ချင်း တစ်ဖြစ်၊ သူမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လည်းဖြစ်တဲ့ လီကိုကို တစ်ယောက် လန်ပူအွန်း သေဆုံးသွားတဲ့သတင်းကို ကြားပြီး သွေးပျက်သွားပါတယ်။ လီနဲ့ ပူအွန်းဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေပါ။ ပူအွန်း သေဆုံးသွားပြီးတဲ့ နောက်ပိုင်း လီကိုကို တစ်ယောက် အိပ်မက်ဆိုးတွေမက်ပြီး ခြောက်လန့်မှုတွေ ခံလာရတဲ့အခါ…၊ လောဘနဲ့ အောင်မြင်မှုနောက်ကို လိုက်ရင်း ဆုတောင်းတိုင်း ဖြစ်တယ်ဆိုတဲ့ ကုမန်ထောင်အရုပ်လေးတစ်ရုပ်ကို ပိုင်ဆိုင်လိုက်မိတဲ့အခါ….၊ ပူအွန်းရဲ့သေဆုံးမှုနဲ့ ကုမန်ထောင်အရုပ်နဲ့ ဘာတွေများပတ်သက်နေမလဲ? ပူဆွေးနေတဲ့ သတို့သားလောင်းလေးကို ကုစားပေးရင်း လီကိုကိုတစ်ယောက် ဘာတွေဆက်ဖြစ်သွားမလဲ? ဆိုတာ ခံစားကြည့်ရှုလိုက်ရအောင်ပါ။