
ဒီတရုတ်ကားလေးကတော့ ၂၀၁၆ တုန်းကထွက်ခဲ့တဲ့ မင်းသား Matt Damon နဲ့ တရုတ် မင်းသမီးချောလေး Jing Tian တို့ရဲ့ သတ္တဝါဆိုးတွေကို တိုက်ထုတ်တဲ့ ဇာတ်ကားလေးပါ။ ဒါ့အပြင် တရုတ် နာမည်ကြီး မင်းသား Andy Lau လည်း အားဖြည့်ပါဝင်ထားပါတယ်။ ဇာတ်ကားကတော့ Action, Adventure ကား ဖြစ်တဲ့အတွက် တစ်ကားလုံး မပျင်းရဘဲ ရင်တထိတ်ထိတ် ကြည့်ရှုရမှာပါ။ ဒါ့အပြင် မင်းသမီးလေးကလည်း ချောတော့ ကြည့်ရတာ အတော်မိုက်ပါတယ် ?? ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Matt Damon တို့အဖွဲ့ဟာ အနက်ရောင်အမှုန့်လို့ ခေါ်တဲ့ ယမ်းမှုန့်ကို ရှာဖွေဖို့ ခရီးထွက်လာရင်း သတ္တဝါတစ်ကောင်ကြောင့် သူ့အဖွဲ့သားတွေကို ဆုံးရှုံးလိုက်ရပြီး သူနဲ့ သူ့သူငယ်ချင်းပဲ ကျန်တော့ တဲ့အချိန်မှာ တောင်ပေါ်က တိုင်းရင်းသားလူမျိုးစုတွေ လိုက်လာတဲ့အတွက်ကြောင့် တရုတ်တွေ စောင့်ကြပ်နေတဲ့ တံတိုင်းဆီရောက်သွားပါ တော့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက တရုတ်တွေကိုယ်တိုင်လည်း သတ္တဝါကြီးတွေ ဝိုင်းတာ ခံထားရတာပါ။ ဒီလိုနဲ့ သူတို့ရောက်သွားတဲ့အချိန်မှာ တရုတ်တွေကို ဘယ်လိုကူညီပေးပြီး သတ္တဝါဆိုးတွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ ပရိတ်ကြီး ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။
xxxxxxxxxxxxxxxxxxx
Zae
My