
၂၀၁၃ လောက်ကထွက်ထားတဲ့ Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ ဇာတ်လမ်းကတော့ တရုတ်နိုင်ငံ ဟောင်ကောင်မြိုကနေ ကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1 ဆိုတဲ့ ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ် တောင် ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ဒီကြားထဲ ကွန်တိန်နာထဲမှာပဲ Avian Virus ဆိုတဲ့ တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊ နိုင်ငံတကာမှာ H5N1စတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေး လောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘွန်းဒန်းမြိုကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့…. ကန်ဂျီဂုဆိုတဲ့ ကယ်ဆယ်ရေးအဖွဲကဝန်ထမ်းလေး ရောဂါရှာဖွေရေးက ဆရာဝန်မလေးကင်အင်းဟယ် သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင် တွေနဲ့ ဒီဇာတ်လမ်းကို ရုပ်လုံးကြွအောင် ဘယ်လိုတွေရိုက်ကူးသွားမလဲဆိုတာကြည့်ကြည့်ရအောင်
G
G