
The Florida Project (မြန်မာစာတန်းထိုး)
2017 ‧ Drama/Comedy-drama ‧ 1h 55m
Translate & Script =Sanary
xxxxxxxxxxxxxxxxxxxx
အသက် ၆ နှစ်အရွယ် ကလေးမလေး မိုနီဟာ စူးစမ်းလိုစိတ်ပြင်းပြတဲ့ ပြဿနာအရှာတော်သူလေးတစ်ယောက်ပါ။ သူဟာ မိခင်ဖြစ်သူ ဟယ်လီနဲ့ Magic Castle လို့ခေါ်တဲ့မိုတယ်တခုမှာ နေထိုင်ပါတယ်။ အဲ့မိုတယ်ရဲ့ မန်နေဂျာကတော့ ဘော်ဘီပါ၊ သူဟာ ကလေးတွေကို ဂရုတစိုက်စောင့်ရှောက်ပေးတတ်ပြီး တခါတရံပွစိပွစိနဲ့ အန်တီကြီးတစ်ယောက်လိုပွါးတတ်ပါတယ်။ မိုနီဟာ သူနဲ့သက်တူရွယ်တူတွေဖြစ်တဲ့ ဟယ်လီရဲ့သူငယ်ချင်းဖြစ်သူ Ashelyရဲ့သား စကူတီရယ် အဖေကြောက်လေး ဒစ်ကီရယ်နဲ့ အပေါင်းအသင်းတွေဖြစ်ခဲ့ပါတယ်။ တနေ့သူတို့ရှာတဲ့ပြဿနာကအစပြုရင်း ဂျန်ဆီဆိုတဲ့ ရွယ်တူကလေးမတစ်ယောက်ဟာ မိုနီရဲ့ အခင်ဆုံးသူငယ်ချင်း တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မိုနီဦးဆောင်တဲ့အဖွဲ့က တနေ့တမျိုး ပြဿနာကိုမီးထွန်းရှာပါတော့တယ်၊ အဲ့တာကြောင့် ဒစ်ကီရော စကူတီရော မိုနီနဲ့ကစားခွင့်ပိတ်ခံ လိုက်ရပါတော့တယ်။ မိုနီအမေ ဟယ်လီက အသက်ငယ်ငယ်နဲ့ မိုနီကိုမွေးထားတာဖြစ်ပြီး အလုပ်မယ်မယ်ရရမရှိတဲ့ ပြည့်တန်ဆာတစ်ယောက်လည်းဖြစ်ပါတယ်။ မိုနီလက်ကိုဆွဲပြီး နှစ်ယောက်သားရုန်းကန်ရတဲ့အချိန်တွေလည်းရှိခဲ့တော့ မိုနီအနေနဲ့ ဒီအရှုပ်အထွေးတွေကနေလွှတ်မြောက်နေမလား ဒါမှမဟုတ် ပြဿနာတွေရှာရင်းနဲ့ပဲပျော်နေမလားဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုလိုက်ပါဦးလို့တိုက်တွန်းလိုက်ပါရစေ။