
အခုတစ်ခေါက်မှာတော့ ဒရမ်မာဆန်ဆန် ကြမ်းကြမ်းရမ်းရမ်း ဂျပန်လူသတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ IMDb Rating 6.8 ထိရရှိထားတဲ့ 2021 ခုနှစ်ထွက် မင်းသားကြီး Junichi Okada ရဲ့ကားကောင်းတစ်ကားလို့လည်း ပြောလို့ရပါတယ်။အညွှန်းလေးကတော့ ဂျပန်လို ‘ဖာဘုရု’ လို့ခေါ်တွင်ပြီး အင်္ဂလိပ်လိုဆို ‘ဒဏ္ဍာရီ’ လို့အဓိပ္ပာယ်ရှိတဲ့လူသတ်သမားတစ်ယောက်ဟာဆိုရင် လူတစ်ယောက်ကို ၆ စက္ကန့်တည်းနဲ့ အသေသတ်နိုင်ပါတယ်။ သူက လူသတ်တဲ့နေရာမှာ တုံ့ဆိုင်းမှုမရှိသော်လည်း လူကောင်းတွေနဲ့ အပြစ်မဲ့တဲ့လူတွေကိုတော့ လုံးဝ မသေစေချင်ပါဘူး။ ဒါဆို သူက ဘယ်လိုလူတွေကို သတ်တာလဲ? တစ်နေ့မှာ သူက အထက်အမိန့်နဲ့ လူသတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူ နောက်ဆုံးသတ်ရမယ့် လူတစ်ယောက်ရဲ့ လက်ထဲမှာမှ ‘ဟိနကိုဆာဘ’ဆိုတဲ့အိမ်ပြေးမလေးတစ်ယောက်က ရှိနေပါတယ်။ သူသတ်လိုက်တဲ့ လူရဲ့ကားထဲမှာ ဟိနကိုက ရောက်နေပြီး သူမကို ဆွဲမထုတ်ခင်မှာပဲ ဘယ်လိုအခြေအနေမျိုးဖြစ်သွားမှာလဲဆိုတာ? လူသတ်ကားတစ်ကား ဆိုပေမယ့် သွေးထွက်သံယိုတွေ အများကြီးထက် အက်ရှင်ကျကျနဲ့ ပညာသားပါပါ ရိုက်ကူးထားပြီးတချို့နေရာတွေမှာ ဟာသလေးတွေပါ အနည်းငယ်နှောထားပေးတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဒဏ္ဍာရီလာလူသတ်သမားဖာဘုရုရဲ့ သွက်လက်ဖျတ်လတ်တဲ့ ပုံရိပ်တွေနဲ့အတူ လူသတ်သမားမှန်ပေမယ့် ဘယ်လိုလူတွေကိုမှ သတ်တာလဲဆိုတာကို သိချင်ရင်တော့ အခုဂျပန်ကားလေးကိုပဲ ဝင်ရောက် ကြည့်ရှူလိုက်ပါနော်။