
ဒီဇာတ်ကားလေးဟာ ၂၀၁၅ မှာ ထွက်ရှိထားပြီး “Old but Gold” လို့ မှတ်ယူရလောက်တဲ့အထိ အင်မတန် ကြည့်ကောင်းတဲ့ ဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ Hospital playlist ထဲက နာမည်ကြီး မင်းသား ၂ ဦးဖြစ်တဲ့ ဂျိုဂျောင်ဆော့နဲ့ ကင်ဒယ်မြောင်တို့ ပါဝင် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုမူယော့ဆိုတဲ့ နာမည်မရှိ သတင်းထောက်လေးတစ်ဦးက အမှားတစ်ခုကြောင့် အလုပ်ထုတ်ခံလိုက်ရတယ်။ ကွင်းဆက်လူသတ်သမားအမှုနဲ့ ပတ်သက်ပြီး သတင်းပေးချင်တဲ့ အမျိုးသမီးက သူ့ကို ဆက်သွယ်ပြီး လိပ်စာ ပေးခဲ့တယ်။ အလုပ်မရှိတဲ့ သတင်းထောက်ဟိုက ပေးတဲ့ လိပ်စာအတိုင်း သွားပြီး စုံစမ်းရာကနေ ကွင်းဆက်လူသတ်သမားရဲ့ အခန်းနဲ့ မှတ်တမ်း တွေကို ရှာတွေ့သွားခဲ့တယ်။ ကပျာကယာ ထွက်ပြေးခဲ့ပြီး လူသတ်သမားရဲ့ မှတ်စုတိုလေး ပါလာတယ်။ ဒါဟာ သတင်းထောက်ဟိုအတွက် ထီပေါက်သလိုပါပဲ။ ထို မှတ်စုတိုနဲ့ သတင်းဌာနကို ပြန်သွားပြီး နာမည်ကြီး သတင်းထောက် ဖြစ်လာတယ်။ သူရခဲ့တဲ့ မှတ်စုတိုက ဝတ္ထုထဲက စာသားဖြစ်နေတာကို သိသွားပြီး လူကြိုက်များတဲ့ သတင်းဖြစ်အောင် အကြံအဖန်တွေ လုပ်တာပေါ့။ အဲ့လိုနဲ့ လူသတ်သမားရယ် သတင်းထောက်ရယ် ရဲတွေရယ် နောက်ဆုံးမှာ အမှုက ဘယ်လိုပြီးသွားမလဲဆိုတာကို သိရဖို့ အဆုံးထိ ကြည့်လိုက်ကြရအောင်…..