
ဒီတရုတ်သရဲကားလေးကတော့ ၁၉၈၂ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ IMDb 6.3 တောင် ရထားတဲ့ Action, Comedy, Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတရုတ်သရဲကားလေးမှာလည်း Sammo Kam-Bo Hung ကိုယ်တိုင် ခေါင်းဆောင်မင်းသား လုပ်ပြီးတော့ ကျွန်တော်တို့ရဲ့ သရဲနိုင်ဆရာကြီး Ching-Ying Lam က ဦးလေး ၂ အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ပြောရရင်တော့ ဒီဇာတ်ကားလေးက သိုင်းချတဲ့အခန်းတွေကလည်း အခုခေတ် တရုတ်သိုင်းကားတွေလို Computer Effects တွေ မဟုတ်ဘဲ အမှန်အကန်ဗျင်းတဲ့အခန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ထည့်ပေးထားသလို အတော်လေး ရယ်ရတဲ့အခန်းတွေလည်း ထည့်ပေးထားပါတယ်။ တရုတ်သရဲကား ကြိုက်တဲ့ သူတွေအတွက်တော့ ပြောစရာမလိုအောင် ကြည့်သင့်တဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ အဲ့တော့ မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြဖို့ ပြောလိုက်ပါရစေ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဖက်တီး ကျုးသချန်ဟာ သူ့သူငယ်ချင်း မာလင်ရှန်ရဲ့ ရုတ်တရက် သေဆုံးမှုကို သံသယဝင်သွားတဲ့အတွက် သူ့သူငယ်ချင်းရဲ့ သေဆုံးမှုကို ဖော်ထုတ်ဖို့ ကြိုးစားရာက သူ့သူငယ်ချင်းက အမှန်တကယ်ပဲ သေသွားတာလား ဒါမှမဟုတ် သေချင်ယောင်ပဲ ဆောင်နေလား၊ သူ့သူငယ်ချင်းကို ကူညီပေးရင်း သူပါ ဘယ်လိုတွေဖြစ်သွားမလဲ ဆိုတာကိုတော့ ရွှေပန်းသီး ပရိသတ်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။
The Miracle Fighters (1982) please