
Batman ဇာတ်ကားတွေထဲမှာမှ Rating အကောင်းဆုံး Batman Trilogy ရဲ့သုံးကားမြောက်နဲ့ နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ Catwoman အဖြစ် အချောလေး Anne Hathaway က ဝင်ရောက်အားဖြည့်ပေးထားပါတယ်။ ဒီ Batman Trilogy က အဲ့တုန်းကထွက်ဖူးသမျှ စူပါဟီးရိုးဇာတ်ကားတွေထဲမှာ အကောင်းဆုံးလို့သတ်မှတ်ခြင်းခံခဲ့ရတာပါ။ ဒါကြောင့် သင်သာ Batman fan မှန်ရင် ကြည့်ကိုကြည့်ဖူးသင့်တဲ့ကားဖြစ်တဲ့အတွက် မကြည့်ဖူးသေးရင် စမ်းကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။ ဇာတ်လမ်းကိုညွှန်းရရင် ဒီကားဟာ ဟာဗေးဒန့်နဲ့ ရေချယ်သေဆုံးပြီး ၈ နှစ်အကြာကာလကို အခြေခံထားပါတယ်။ လင်းနို့လူသားဟာ ဟာဗေးဒန့်ရဲ့ပြစ်မှုတွေကို ဝင်အစားခံပြီး တစ်မြို့လုံးကလည်း လင်းနို့လူသား ဟာဗေးဒန့်ကိုသတ်တယ်လို့ပဲ သိထားတာပါ။ နောက်ပြီး တစ်မြို့လုံးမှာရှိတဲ့ လူဆိုးတွေအားလုံးနီးပါးဟာလည်း ဒန့်ဥပဒေကြောင့် ထောင်ထဲရောက်တဲ့သူကရောက် ငြိမ်နေရတဲ့သူတွေကလည်း ငြိမ်နေကြရပါတယ်။ ဂေါ့သမ်မြို့မဟုတ်တဲ့တစ်ဘက်ခြမ်းမှာလည်း CIA က ရုရှားသိပ္ပံပညာရှင် ပါဗယ်ကိုဖမ်းဖို့ကြိုးစားတာကို လူဆိုးတွေက ဝင်ဖြတ်လုဖို့ကြိုးစားနေပါတယ်။ အဲ့လူဆိုးကတော့ ဘတ်မန်းရဲ့နာမည်ကြီးဗီလိန် ဘိန်းပဲဖြစ်ပြီး သူဘာကြောင့် ရုရှားသိပ္ပံပညာရှင်ကိုပြန်ပေးဆွဲဖို့လုပ်တာလဲဆိုတာကိုတော့ ဇာတ်လမ်းအစမှာကတည်းက မြှုပ်ထားပါတယ်။ Catwoman ဖြစ်သူ ဆယ်လီနာကိုင်းရဲ့ဇာတ်ဝင်ခန်းကတော့ ဘရုဝိန်းအိမ်ထဲ ပစ္စည်းတစ်ခုဝင်ခိုးတာနဲ့ အစပြုထားပါတယ်။ သူကရော ဒီအတိုင်း ရတနာလာခိုးတာလား၊ တစ်စုံတစ်ယောက်ရဲ့စေခိုင်းချက်ကြောင့် အရေးပါတာတစ်ခုခုကို လာခိုးတာလား ဆိုတာကလည်း မြှုပ်ကွက်တစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ သူ ခိုးသွားတဲ့အရာကြောင့် အခန်းအောင်းရာကနေ လူရှေ့ပြန်ပေါ်လာတဲ့ ဘရုဝိန်းတစ်ယောက် မွဲပြာကျသွားလို့ ကုမ္ပဏီကြီး တခြားသူလက်ထဲမရောက်သွားအောင် သူ့ရဲ့လုပ်ငန်းထဲ လာရင်းနှီးမြှုပ်နှံထားတဲ့ မစ္စတိတ်ကိုလွှဲပေးလိုက်ပါတယ်။ အဲ့ဒီဗရုတ်သုက္ခဖြစ်စဉ်တွေဟာ မြို့ရဲ့မြေအောက်ပိုင်းလိုင်းထဲကနေ ဆယ်ကျော်သက်တွေရဲ့အလောင်းတွေထွက်လာမှုကို ဂေါ်သမ်မြို့ရဲတပ်ဖွဲ့အနေနဲ့ စစုံစမ်းရာကနေ ကွင်းဆက်မိပြီး The Dark Knight Rises ဇာတ်အိမ် ပုံပေါ်လာပါတော့တယ်။ ၂ဝ၁၂ ကာလမှာ ရိုက်ထားတဲ့ဇာတ်ကားတစ်ကားအနေနဲ့ သုံးထားတဲ့ပစ္စည်းတွေက တော်တော်အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဇာတ်လမ်းအရသာကို ပျက်သွားစေတာမျိုးမဖြစ်ရအောင် အကောင်းဆုံးနဲ့ အနီးစပ်ဆုံး ကြိုးစားပြန်ဆိုပေးထားတာဖြစ်တဲ့အတွက်ကြောင့် ညီအစ်ကိုတို့လည်း ကြည့်ပြီးသွားရင်တောင် တစ်ခေါက်ပြန်ကြည့်ပြီး အားပေးကြပါဦးဗျ။
Movies Name | Webpage | Telegram Links |
---|---|---|
Batman Begins (2005) | Click Here | Click Here |
The Dark Knight (2008) | Click Here | Click Here |
The Dark Knight Rises (2012) | Click Here | Click Here |