
The Conjuring (2013) သရဲကားကိုမှ ဖြစ်ရပ်မှန်ကိုသာကြည့်ချင်ပါတယ် ဆိုတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။ သဘာဝလွန်ဖြစ်ရပ် ကျွမ်းကျင်သူတွေဖြစ်ကြတဲ့ အက် နဲ့ လော်ရိန်းဝါရန် တို့လင်မယားနှစ်ယောက်ရဲ့ ပြင်ပလောကမှာ တကယ် ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ဒါရိုက်တာ James Wan က မင်းသား Patrick Wilson ၊ မင်းသမီး Vera Farmiga တို့နဲ့အတူ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီ ၂၀၁၃ ခုနှစ်ဇာတ်လမ်းမှာတော့ လူတိုင်းသိကြတဲ့ အန်နာဘဲ အရုပ်အကြောင်းကိုလည်းတစ်စွန်းတစ်စ ထည့်ထားပေးပြီး ဝါရန်လင်မယားနှစ်ယောက်ကရော ဘယ်လိုအခက်အခဲမျိုးနဲ့ကြုံတွေ့ရဦးမှာလည်း ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ Jump scare တွေ နောက်ခံတီးလုံးတွေနဲ့ ပိုပြီးစိတ်ခြောက်ခြားအောင်လုပ်ပေးနိုင်ပြီး ဝင်ငွေ ဒေါ်လာ ၃၁၉ သန်းအထိအောင်မြင်ခဲ့တဲ့အတွက် The Conjuring (2013) ပြီးရင်တော့ Conjuring 2 ကိုပါဆက်ကြည့်ကြဖို့ အကြံပေးလိုက်ပါရစေ။
Collection of Annabelle & Conjuring | Page Link |
---|---|
The Conjuring 1 (2013) | Click Here |
Annabelle (2014) | Click Here |
The Conjuring 2 (2016) | Click Here |
Annabelle creation (2017) | Click Here |
The nun (2018) | Click Here |
Annabelle comes home (2019) | Click Here |
The Conjuring: The Devil Made Me Do It (2021) | Click Here |