
ပူဖောင်းအနက်ရောင်တွေ အထဲမှာထည့်ထားတဲ့ အနက်ရောင်ဗန်ကားတစ်စီး။ ပြီးတော့ လူတစ်ယောက်။ ငြိမ်သက်နေတဲ့ နယ်မြို့လေးမှာ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်နေတယ်။ အဖမ်းခံရတဲ့ကလေးတွေဟာ အခန်းတစ်ခန်းထဲကိုရောက်သွားတယ်။ အဲ့ဒီအခန်းထဲမှာ လိုင်းမမိဘဲ အသံတွေ မြည်မြည်လာတတ်တဲ့ အနက်ရောင် ကြိုးဖုန်းတစ်လုံးရှိတယ်။ ဒီ The Black Phone ဆိုတဲ့ ရုပ်ရှင်ကတော့ 1980 ဝန်းကျင်လောက်က နယ်မြို့လေးတစ်မြို့မှာဇာတ်အိမ်တည်ထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ဗျ။ ရုပ်ရှင်ထဲကနေ ပဟေဠိဆန်ဆန် အဖြစ်အပျက်တွေနဲ့အတူ Escape Game တစ်ခု ကစားနေရသလို ခံစားချက်မျိုးကို မြင်တွေ့ခံစားရမှာပါ။ အဓိက ဇာတ်ကောင် ပြန်ပေးသမားနေရာမှာတော့ မင်းသားကြီး Ethan Hawke က သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ကြမ်းတမ်းတဲ့စကားလုံးတွေ၊ သွေးထွက်သံယိုပြကွက်တွေပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့၊ နှလုံးအားနည်းတဲ့သူတွေ ကြည့်ဖို့ မသင့်တော်ပေမဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းကြိုက်သူတွေ တကယ် အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်ဗျ…။