
နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ နှစ်ခြိုက်ကြတဲ့ ရွှေပန်းသီးပရိသတ်များအတွက် (၂၀၁၈) ခုနှစ်က ထွက်ရှိထားတဲ့ ပေါ်တူဂီစကားပြော Horror ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ တောနက်ကြီးထဲမှာ ဖခင်နဲ့အတူနေထိုင်တဲ့ အပျိုစင်မလေး “ကလဲရာ”တစ်ယောက် မထင်မှတ်ဘဲ တောနက်တစ်နေရာမှာ ရလာခဲ့တဲ့ ယဇ်ပူဇော်တဲ့အတတ်ပညာနဲ့ နတ်ဆိုးဆင့်ခေါ်ဂါထာတွေ ဖောဖောသီသီရေးထားတဲ့ ရှေးဟောင်းစာအုပ်ကြီး တစ်အုပ်ကို ရလာခဲ့ပါတယ်။ အဲ့ဒီခေတ်က ခရစ်ယာန်ဘာသာရေး ထွန်းကားနေတဲ့ခေတ်ဖြစ်ပြီး ယဇ်ပူဇော်တာတွေ နတ်ဆိုးဆင့်ခေါ်တာတွေကို တားမြစ်ထားပေမယ့်လည်း “ကလဲရာ”ဟာ တိုက်ဆိုင်လာတဲ့အကြောင်းတွေကြောင့် မသုံးသင့်တဲ့စာအုပ်ကို သုံးပြီး မခေါ်သင့်တဲ့ နတ်ဆိုး ဝိညာဉ်တွေကို ဖိတ်ခေါ်လိုက်မိတဲ့အခါ သူမဘဝ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ သည်းထိတ်ရင်ဖိုနဲ့ စောင့်ကြည့်ရမှာပါ။ သွေးထွက်သံယို အခန်းနည်းနည်းပါလို့ နှလုံးမကောင်းသူများ မကြည့်မိဖို့ သတိပေးလိုက်ပါစေနော်။ Imdb မှာတော့ rating (5.7/10) ရရှိထားပါတယ်ရှင့်။