
ဒီဇာတ်ကားလေးကတော့ ၁၉၃၀ ဝန်းကျင်အချိန်လောက်ကနေစပြီး ကိုရီးယားနိုင်ငံမှာဂျပန်ကိုလိုနီခေတ်ဖြစ်ခဲ့စဥ်က ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် အရှေ့အာရှနိုင်ငံများကို ပတ်ပြီးကိုလိုနီလုပ်ခဲ့တဲ့ဂျပန်ဟာဆိုရင် ကိုရီးယားကိုလည်းချန်မထားခဲ့ပါဘူး ကိုရီးယား ကို ကိုလိုနီနယ်ချဲ့ခဲ့ပြီးနောက် အကျင့်ပျက်ကိုရီးယားခေါင်းဆောင်များနဲ့ပူးပေါင်းကာ ကိုရီးယားလူမျိုးများကို ဂျပန်နိုင်ငံဟာ ရှီမာကျွန်းရှိ ကျောက်မီးသွေးသွင်းမှာ အလုပ်သမားအနေနဲ့ ရောင်းစားကာ လစာများကိုပါ ခေါင်းပုံဖြတ်ခဲ့ကြပါတယ် ယောကျ်ားလေးများဆိုရင် မတန်တဆ အလုပ်လုပ်ရပြီး မိန်းကလေးတွေကတော့ ပြည့်တန်ဆာတန်းကို အပိုခံခဲ့ရပါတယ် လခတွေကို အကြောင်းအမျိုးမျိုးပြဖြတ်စားကာ ထွက်ပြေး ရန် ကြိုးစားသူများကိုလည်း သတ်ပစ်ခဲ့ကြပါတယ် တစ်ဘက်မှာအမေရိကန်ဘက်နဲ့ပူးပေါင်းကာ ကိုရီးယားလွတ်လပ်ရေးအတွက် ကြိုးစား နေကြတဲ့ ကိုရီးယားလွတ်လပ်ရေးတပ်မတော်မှအရာရှိကို ဟာရှီမာမှာ ဖမ်းခံထားရတဲ့ တစ်ချိန်က ကိုရီးယားအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ သူကို ခေါ်ဖို့ရန်အတွက် စေလွှတ်ခဲ့ပါတယ် ဒါပေမယ့်ဟာရှီမာကို ရောက်လာပြီးချိန်မှာတော့ အဲ့ခေါင်းဆောင်ဖြစ်သူက ဂျပန်နဲ့ပေါင်းကာ ကိုယ့် ကိုရီးယားနိုင်ငံသားအချင်းချင်း သွေးစုပ်အမြတ်ထုတ်နေကြောင်း သိလိုက်ရချိန် မှာ တော့ကျွန်းပေါ်က ကိုရီးယားတွေ ဘယ်လိုဆက်လုပ်သွား ကြမှာလဲ ရောက်လာတဲ့အရာရှိကရော ကျွန်းပေါ်က ကိုရီးယားအလုပ်သမား ၄၀၀ ကျော်ကိုခေါ်ကာ ကျွန်းကနေထွက်ပြေးမယ့်အကြံကို အကောင်အထည်ဖော်နိုင်ပါ့မလားတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ဒီဇာတ်လမ်းကနေ ဂျပန်တွေရဲ့ ကိုလိုနီကာလရက်စက်ယုတ်မာပုံ တွေကိုလည်း သိရှိနိုင်မှာဖြစ်ပြီး ကိုရီးယားတွေရဲ့ပြန်တိုက်ခိုက်ကြပုံတွေကိုလည်း ရင်နှင့်ဖွယ် အက်ရှင်ချစ်သူများ အကြိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါ တယ် ဒီဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး ကိုရီးယားမှာတင်မက အနောက်နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ပြသခဲ့ တာပါ သမိုင်းဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြောင်မြောက်စွာ ရိုက်ကူးနိုင်ခဲ့တဲ့အတွက် တကယ်ကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါ တယ်