
ရွှေပန်းသီးပရိတ်သတ်ကြီးတို့ကို ၂၀၂၂ မှ ပူပူနွေးနွေးထွက်ထားတဲ့ Batman ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Batman မဟုတ်သော Batman ကားလေးပါ။ Batman ရဲ့နာမည်ကျော်ကြားလှတဲ့ “What’s your super power?” “I’m RICH” ဆိုတဲ့စကားကြီးနဲ့ လက်နက်ဆန်းတွေ ဗျူဟာတွေ ချမ်းသာကြွယ်ဝမှုတွေကို ခဝါချခဲ့တဲ့ ခေတ်ပြောင်း Batman ကားပါ။ Batman ဟာလည်း အားနည်းချက်တွေအပြည့်ရှိတဲ့ လွဲမှားတတ်တဲ့ ခံစားတတ်တဲ့လူသားတစ်ဦးဆိုတာကို လှစ်ဟပြခဲ့ပြီး ငွေများတရားနိုင်ဆိုတဲ့ လောကကြီး၊ အာဏာပါဝါတွေရဲ့ဝါးမျိုးတတ်တဲ့သဘာဝနဲ့ လူတန်းစားအနိမ့်အမြင့်ကွာခြားမှုတွေကို ကွက်ကွက်ကွင်းကွင်းဖော်ပြနိုင်မဲ့ဇာတ်ကားပါ။ မိဘမဲ့တွေရဲ့ သနားစရာဘဝတွေကို အတင်းဖော်ပြတာမဟုတ်ဘဲ ဇာတ်ကွက်နဲ့အတူအသာအယာပုံဖော်ပြသွားမှုတွေ မာယာများတဲ့နိုင်ငံရေးဇာတ်ခုံအကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။ ထုံးစံအတိုင်း ဂေါ့သမ်မြို့ကြီးကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ဇာတ်လမ်းကို Batman နဲ့အတူ Cat Woman တို့ရဲ့ပူးပေါင်းမှုကိုလည်း ကြည့်ရှုရမှာဖြစ်တာကြောင့် နာမည်ကြီးသလောက် ကြည့်သင့်တဲ့ကားလေးဖြစ်ကြောင်း ပရိသတ်ကြီးကိုအသိပေးရင်း ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။