
Thappad (မြန်မာစာတန်းထိုး)
2020 ‧ Drama ‧ 2h 22m
Translate & Script = chichi
xxxxxxxxxxxxxxxxxxxx
Thappad ဆိုတာ ဟိန္ဒူဘာသာစကားအရတော့ “ရိုက်ခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားမှာလည်း ယောက်ျားဖြစ်သူက မိန်းမကို လူပုံအလယ်မှာ ပါးတစ်ချက် ချမိလိုက်တာစပြီး ပြဿနာတက်သွားခဲ့တာပါပဲ။ ပျော်ရွှင်စရာအိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အမူ တို့မိသားစုမှာ အမူဟာ အိမ်ထောင်ရှင်မ ကောင်းတစ်ယောက်ပီသခဲ့သလို ယောက်ျားဖြစ်သူ ဗစ်ခရမ်ကလည်း ခင်ပွန်းကောင်းပီသသူပါ။ ဒါပေမယ့် အမူ့ကို ပါးတစ်ချက် ရိုက်မိပြီးတဲ့နောက်မှာတော့ အရာအားလုံးပြောင်းလဲသွားတယ်။ အိမ်ထောင်ရေးကိုအခြေခံပြီး အမျိုးသမီးတွေရဲ့ မိသားစုအပေါ်ရင်းနှီးမြှုပ်နှံထားရတဲ့ သူတို့ဘဝကိုလည်း ထင်ဟပ်စေတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ “မှန်တဲ့အရာတွေကိုလုပ်တိုင်း Happy ending မဖြစ်ဘူး” လို့ အမူ့အဖေကပြောခဲ့ပါတယ်။ သူတို့လင်မယားနှစ်ယောက်ရဲ့ အိမ်ထောင်ရေးကရော Happy ending ဖြစ်နိုင်ပါဦးမလား ဆိုတာကိုစောင့်ကြည့်လိုက်ကြပါဦး။