
ဒီတစ်ခါမှာတော့ January 31, 2019 ကထွက်ရှိထားတဲ့ အင်ဒိုသရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Rating 5.2 ရရှိထားပြီး မင်းသမီးချော Marsha Aruan က မာလာအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ မာလာရဲ့အမေက အိမ်မီးလောင်လို့ဆုံးပါးသွားပြီး အဲဒီ မတော်တဆမှုကြောင့် မာလာဟာ အသံအိုးပိုးဝင်တဲ့ရောဂါနဲ့ စကားမပြောနိုင်ဖြစ်နေပါတယ်။ မိသားစုမရှိတော့တဲ့မာလာကို ဦးလေး လင်မယား က သူတို့အိမ်ခေါ်သွားတဲ့အခါမှာတော့ ထိတ်လန့်ချောက်ချားစရာတွေ ကြုံလာရပါတော့တယ်။ မာလာရဲ့ ညီမဝမ်းကွဲကလည်း သူ့သူငယ်ချင်း တွေကို အိမ်ခေါ်ပြီး မွေးနေ့ပွဲလုပ်တဲ့အခါ မထင်မှတ်တာတွေကြုံရတယ်။ မာလာရဲ့ဦးလေး လူထူးဆန်းကြီးကလည်း သူ့မိသားစုကိုဖုံးကွယ် ထားတာရှိနေတယ်။ ကံဆိုးတဲ့မာလာတစ်ယောက် နောက်ထပ်ဘယ်လိုအဖြစ်အပျက်တွေ ကြုံရဦးမလဲ? ဦးလေးဖြစ်သူက နောက်ကွယ်မှာ ဘာတွေလုပ်ထားသလဲ? ဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် မိသားစုသရဲကားလေးဖြစ်ပါတယ်။