
ဒီတစ်ခေါက် မိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ ကျော်ကြားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Tazza ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ရိုးရာဖဲကစားနည်းတွေနဲ့ လောင်းကစားသမားတွေရဲ့ဘ၀ကို ရိုက်ကူးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပါ။ ဂိုနီဆိုတဲ့ ကောင်လေးတစ်ယောက်က စက်ရုံမှာ အလုပ်လုပ်နေရင်း စက်ရုံကလူကြီးတွေ ကစားတဲ့ လောင်းကစားကို စိတ်၀င်စားပြီးဆော့ရာက အစ်မဖြစ်သူရဲ့ မယားစရိတ်ရလာတဲ့ ပိုက်ဆံအကုန်လုံးကို အလိမ်ခံလိုက်ရတဲ့အခါမှာတော့… အစ်မပိုက်ဆံလိမ်သွားတဲ့သူကို ပြန်လိုက်ရှာဖို့ ဂိုနီတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရမလဲ။ တစ်ဖက်မှာတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော် လောင်းကစားသမားကြီးဖြစ်တဲ့ ဆရာကြီး သုံးယောက်နဲ့ကော ဘယ်လိုပတ်သက်မိသွားမလဲ။ တစ်သက်လုံးအတွက် ရန်သူကော မိတ်ဆွေကော မရှိတဲ့ လောင်းကစားလောကကြီးထဲမှာ ပိုက်ဆံက တကယ်အရေးကြီးတဲ့အရာ ဖြစ်မလားဆိုတာ စိတ်၀င်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Movies Name | Webpage | Telegram |
---|---|---|
Tazza The High Rollers (2006) | Click Here | Click Here |
Tazza The Hidden Card (2014) | Click Here | Click Here |
Tazza One Eyed Jack (2019) | Click Here | Click Here |