
ဒီတစ်ခါတင်ပေးထားတဲ့ ကားလေးကတော့ Tanhaji: The Unsung Warrior ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ် ဒီကားလေးက ၂၀၂၀ ခုနှစ်ထွက် ဆိုတော့ အားလုံးလည်း ကြည့်ချင်နေလိမ့်မယ်လို့ထင်ပါတယ် ဒီကားလေးက ရာဇဝင်ကားအမျိုးအစားလည်း ဖြစ်ပါတယ် ဒီကားလေးထဲမှာ တော့ နာမည်ကျော်မင်းသားကြီး Ajay Devgn၊ Saif Ali Khan နဲ့ မင်းသမီးကြီး Kajol တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ စစ်သူကြီး Tanhaji က မာရာသာရဲ့ ဘုရင်ကြီးရဲ့ ညာလက်ရုံးတစ်ယောက်ပါ၊ တစ်နေ့မှာတော့ မာရာသာရဲ့ ခံတပ် ၂၃ ခုကို တစ်ဘက်ရန်သူတွေကို ပေးအပ်လိုက်ရပါတော့တယ်၊ အဲ့ခံတပ်တွေထဲကမှ ကွန်ဟာခံတပ်က မာရာသာတွေအတွက် အရမ်းကို အရေးပါတဲ့ ခံတပ်တစ်ခုဖြစ်လို့ စစ်သူကြီး Tanhaji က ပြန်လည်ရယူတိုက်ခိုက်တဲ့ ဇာတ်လမ်းပုံစံမျိုးလေးပါ၊ ဇာတ်လမ်းလေးထဲမှာ ဘယ်လို လှည့်ကွက် တွေသုံးထားတယ် စစ်သူကြီး Tanhaji ကကော ကွန်ဟာခံတပ်ကို ဘယ်လိုတွေ ကြိုးစားပြန်လည်ရယူမလဲဆိုတာတော့ ပရိတ်သတ်ကြီးတို့က ဇာတ်လမ်းလေးထဲမှာပဲကြည့်လိုက်တော့နော်