
Tangled (မြန်မာစာတန်းထိုး)
2010 ‧ Animation/Family ‧ 1h 40m
Translate & Script = Zin Gyi
Encoded by Thi Ha Thu
xxxxxxxxxxxxxxxxxxxx
ကဲကာတွန်း animation ကားကောင်းကောင်းလေးတွေကို ကြိုက်ကြတဲ့သူတွေအတွက် ဒီကားလေးကြည့်ဖို့ အကြံပေးချင်ပါတယ် ဒီဇာတ်လမ်းလေးက Disney က ထုတ်ထားတာဆိုတော့ အရည်အသွေးကို ပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ် Ratings ကလည်း ကောင်းပြီးသားကားလေးပါ ဇာတ်လမ်းထဲမှာ Rapunzel ဆိုတဲ့ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကို သူ့ရဲ့ အရမ်းကို အစိုးရိမ်ကြီးတဲ့ အမေက မျှော်စင်ကြီးထဲမှာပဲ ထိန်းသိမ်းထားခဲ့တယ်လေ ချုပ်ထိန်း ထားတဲ့အရာတွေက ပေါက်ထွက်တတ်တဲ့ သဘောရှိသလိုပဲ Rapunzel လေးဟာလဲ အပြင်လောကကြီးကို စူးစမ်းချင်လာတာပေါ့ ဒီလိုနဲ့ သူဖြစ်ချင်တဲ့အတိုင်း တကယ်ဖြစ်လာပြီး စိတ်ထားကောင်းတဲ့ သူခိုးလေး Flynn နဲ့ တွေ့ခဲ့တာပေါ့ အဲ့ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့် လိုက်ကြပါနော် အော်ပြီးတော့ ဒီဇာတ်လမ်းထဲမှာ သုံးထားတဲ့ animation က တော်တော်လေးကို ကောင်းတာ ပြီးတော့ ဇာတ်လိုက်မင်းသမီးလေးဖြစ်တဲ့ Rapunzel ရဲ့ သိချင်စိတ်ရှိတာလေးတွေ၊ စိတ်အားထက်သန်တာလေးတွေ အပြင်လောကကြီးအကြောင်းကို စူးစမ်းချင်တာ လေးတွေက လက်တွေ့အပြင်ကမ္ဘာထဲက ကလေးလေးတွေရဲ့ စရိုက်ကလေးတွေနဲ့ ဆင်တူတာကို တွေ့ရပါလိမ့်မယ် ဇာတ်လမ်းလေးက ဟာသလေးတွေ ပါသလို သူ့နေရာနဲ့သူတော့ သင်ယူမှတ်သားစရာ လေးတွေပါပါတယ် ဒီဇာတ်ကားလေးက တစ်ခါကြည့်ပြီးရင် နောက်တစ်ခါကြည့်ချင်လောက်တဲ့ ကားလေးဆိုတော့ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ်